Top Tweets for #settaung
စကစလော်ဘီတွေ ပြောနေကျ မင့်တို့တောင် သွားရလို့လားဆိုရင် ဒီလို ကော်ဇောနီပေါ် မတန်မရာ လျှောက်ချင်လို့ အာဏာသိမ်းထားတာက မင့်တို့ အဘ မအလ မဟုတ်ဘူးလား … … …
#WhatsHappeningInMyanmar
#SettAung ✍️✍️
မအလရဲ့ အိန္ဒိယခရီးစဉ်ကို အထူးဂရုပြုစောင့်ကြည့်သုံးသပ်ပြီး လုပ်စရာရှိတာ လုပ်ရမှာက တကဏ္ဍအမှန်ပါပဲ။ တဖက်မှာလည်း မအလ အိန္ဒိယခရီး ပြီးတဲ့အထိ စောင့်ကြည့်နေတာ။ ဘယ်လို ဘယ်ပုံ ဆက်ဆံသလဲဆိုတာကနေ ကိုယ့်အတွက် ယူစရာရှိတာ ယူရမှာ မလား။
သမ္မတကြီး ဦးဝင်းမြင့်နဲ့ အမေစုပုံချည်းပြရင် အနိုင်ကျင့်လွန်းတယ် ဖြစ်မှာစိုးလို့ ရှေးရှေ့က သန်းရွှေနဲ့ သိန်းစိန်တို့ မှတ်တမ်းတွေပါ ပြန်လှန်လှော ထည့်ပေးရသေးတယ်။
အိန္ဒိယအပါအဝင် နိုင်ငံတကာထုံးစံအတိုင်း နိုင်ငံ့အကြီးအကဲချင်းဖိတ်တဲ့အခါ သမ္မတကနေ သမ္မတကို ဖိတ်တာ၊ ဝန်ကြီးချုပ်ကနေ အဆင့်တူ အစိုးရအဖွဲ့အကြီးအကဲကို ဖိတ်တာပဲ ရှိတာကိုး။ ဒါမှမဟုတ် သမ္မတကနေ ဝန်ကြီးချုပ်ကိုဖိတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ အခုက ဟိုဘက်နိုင်ငံ ဝကခ ကနေ ဒီဘက်က သံပုရာသီးကို ဖိတ်တယ်ဆိုတော့ ပြောင်းပြန် မှတ်သားဖွယ်ပေါ့။
ဗိုလ်သန်းရွှေခေတ်တုန်းက အိန္ဒိယ သမ္မတ ဒေါက်တာကလမ်က ဖိတ်လို့ ၂၀၀၄ မှာ တခါ၊ သမ္မတ ဒေဗီစင်းပတေးလ် ဖိတ်လို့ ၂၀၁၀ မှာ တခါ၊ စုစုပေါင်း ၂ ခါ သွားဖူးတယ်။
သမ္မတ သိန်းစိန်ကလည်း ၂၀၁၁ အောက်တိုဘာမှာ သမ္မတ ဒေဗီစင်းပတေးလ် ဖိတ်လို့ အိန္ဒိယကို သွားတယ်။
အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၆ ဩဂုတ်လမှာ သမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်အရ အိန္ဒိယကို သွားရောက်လည်ပတ်ခဲ့တယ်။
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ၂၀၂၀ ဖေဖေါ်ဝါရီမှာ သမ္မတ Shri Ram Nath Kovind ရဲ့ဖိတ်ကြားချက်အရ အိန္ဒိယကို သွားရောက်လည်ပတ်ခဲ့တယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၆ အောက်တိုဘာမှာ အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တယ်။ နိုင်ငံတော် အကြီးအကဲ (နံပါတ်တစ်) မဟုတ်ပေမဲ့ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခံရတယ်။
အိန္ဒိယအစိုးရက နိုင်ငံတော် ဧည့်သည်ကို သမ္မတအိမ်တော်မှာ ကြိုဆိုပုံက ဝန်ကြီးချုပ်က ကားနားမှာ ခရီးဦးကြိုပြီး အိမ်တော်ရှေ့မှာ စောင့်နေတဲ့ အိန္ဒိယသမ္မတနဲ့ အတူတူ စုပေါင်း ဓါတ်ပုံရိုက်တယ်။ ပြီးရင် နိုင်ငံတော် ဧည့်သည်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးတယ်။
ဒီ သံတမန်ခင်းလုပ်ငန်းစဉ်အတိုင်း သမ္မတကြီးရော အမေစုပါ ကြိုဆိုခံခဲ့ရတယ်။ ကုန်ကုန်ပြောရင် သိန်းစိန်ရော၊ သန်းရွှေပါ ကြိုဆိုခံခဲ့ရတယ်။ သန်းရွှေရဲ့ ဒုတိယမြောက်ခရီးစဉ်မှာ ရာသီဥတုဒဏ်ကြောင့် အိမ်တော်ရှေ့ မလုပ်နိုင်လို့ အထဲက ခန်းမဆောင်မှာ ရွှေ့ပြီး ကြိုဆိုခဲ့တယ်။
မအလကို ဒီလိုနည်း တခုမှ အသုံးပြုပြီး ကြိုဆိုတာ မတွေ့ရဘူး။ ဒါက မိုဒီဘက် လိုက်ရေးတာ မဟုတ်ဘဲ အိန္ဒိယသမ္မတနဲ့ မိုဒီက မအလကို ဆက်ဆံပုံကို ရေးတာ ဖြစ်ပါတယ်။ သမ္မတရော၊ မိုဒီရောရဲ့ ရုံးခန်းတွေထဲမှာပဲ လက်ခံစကားပြောပြီး ပြီးသွားတယ်။ သဲမုန်တိုင်းကျနေပေမဲ့ ခန်းမထဲ ရွှေ့ပြီးတောင် စီစဉ်ပေးခြင်း မခံရဘဲ ပြန်သွားရတယ်။
နောက်တခုက ညစာစားပွဲ။ သမ္မတကြီး ဦးဝင်းမြင့်ကို နိုင်ငံတော်ညစာစားပွဲနဲ့ အိန္ဒိယသမ္မတက တည်ခင်းတယ်။ သန်းရွှေ၊ သိန်းစိန်ကိုလည်း အလားတူပဲ။ မအလကို မိုဒီကပဲ နေ့လည်စာ လက်ဖက်ရည်ဝိုင်းနဲ့ ဧည့်ခံတယ်။
နောက်တခုက မိသားစုဝင်ကိစ္စ။ မြန်မာဘက်က လည်ပတ်တိုင်းမှာ သမ္မတနဲ့အတူ ဇနီးဖြစ်သူပါ ဖိတ်ကြားခြင်း ခံရတယ်။ သမ္မတ ဦးထင်ကျော်တုန်းက သမ္မတကတော် ဒေါ်စုစုလွင်၊ သမ္မတကြီး ဦးဝင်းမြင့်တုန်းက သမ္မတ ကတော် ဒေါ်ချိုချိုပါ ဂုဏ်ပြုခံ အခမ်းအနား တက်ရတယ်။ သိန်းစိန်ရဲ့ ဇနီးခင်ခင်ဝင်း၊ သန်းရွှေရဲ့ မိန်းမ ကြိုင်ကြိုင်တို့လည်း အလားတူပဲ။ သန်းရွှေဆို နေရွှေသွေးအောင်ပါ ခေါ်လာခွင့် ရခဲ့တယ်။ အခု မအလက တကိုယ်တော် လွင့်နေရတယ်။
အိန္ဒိယက မအလကို ဆက်ဆံတယ်၊ ဒါက တော်လှန်ရေးအတွက် အရေးကြီးတဲ့အချက်အနေနဲ့ စဉ်းစားရမယ်။ အိန္ဒိယက မအလကို ဘယ်လိုပုံစံနဲ့ ဆက်ဆံသလဲဆိုတဲ့ နည်းနာကလည်း တော်လှန်ရေးအတွက် အပြိုင် စဉ်းစားရမဲ့အချက်၊ အကျိုးရှာရမဲ့ အချက် ဖြစ်ပြန်တယ်။
အိမ်တော်အလယ် ဂုဏ်ပြုရင်ပြင်က ကော်ဇောနီပေါ် ရောက်မသွားရတဲ့ ခရီးစဉ်အတွက် ဘယ်လိုအတွေးတွေ တွေးနေမလဲကတော့ မအလ ကိစ္စပေါ့။
စကစလော်ဘီတွေ ပြောနေကျ မင့်တို့တောင် သွားရလို့လားဆိုရင် ဒီလို ကော်ဇောနီပေါ် မတန်မရာ လျှောက်ချင်လို့ အာဏာသိမ်းထားတာက မင့်တို့ အဘ မအလ မဟုတ်ဘူးလား … … …
#WhatsHappeningInMyanmar
#SettAung ✍️✍️

စစ်တပ်အနေနဲ့ ပဇီကြီးအပါအဝင် နိုင်ငံတဝှမ်းမှာ ကလေးတွေပါ မချန် ပစ်ခတ်တဲ့အကြောင်း အယ်ဂျာဇီးရားနဲ့ အင်တာဗျူးမှာ ဇော်မင်းထွန်းက အတိအလင်း ဝန်ခံသွားပါတယ်။ နောင်တရတဲ့သဘောဝန်ခံတာမဟုတ်ဘဲ မိုက်ကြေးခွဲတဲ့ပုံစံနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ (English Below) #SettAung
စစ်တပ်အနေနဲ့ ပဇီကြီးအပါအဝင် နိုင်ငံတဝှမ်းမှာ ကလေးတွေပါ မချန် ပစ်ခတ်တဲ့အကြောင်း အယ်ဂျာဇီးရားနဲ့ အင်တာဗျူးမှာ ဇော်မင်းထွန်းက အတိအလင်း ဝန်ခံသွားပါတယ်။ နောင်တရတဲ့သဘောဝန်ခံတာမဟုတ်ဘဲ မိုက်ကြေးခွဲတဲ့ပုံစံနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ (English Below) #SettAung
စစ်တပ်အနေနဲ့ ပဇီကြီးအပါအဝင် နိုင်ငံတဝှမ်းမှာ ကလေးတွေပါ မချန် ပစ်ခတ်တဲ့အကြောင်း အယ်ဂျာဇီးရားနဲ့ အင်တာဗျူးမှာ ဇော်မင်းထွန်းက အတိအလင်း ဝန်ခံသွားပါတယ်။ နောင်တရတဲ့သဘောဝန်ခံတာမဟုတ်ဘဲ မိုက်ကြေးခွဲတဲ့ပုံစံနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ (English Below) #SettAung
သတင်းသမားမေးတာက PDF တွေကို တိုက်ခိုက်တာလို့ ဘယ်လိုပဲဆိုဆို ကလေးတွေပါ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သေဆုံးကုန်တာကို ခင်ဗျား လက်ခံနိုင်သလားလို့ မေးတာပါ။ ဇော်မင်းထွန်းကတော့ မိုက်ကြေးခွဲတဲ့ မျက်နှာပေးနဲ့ " အဲ့ဒီတော့ " ဆိုတဲ့ စကားအစချီပြီး ပြန်ဖြေတာပါ။
သူဖြေတာ အပြည့်အစုံကတော့
👶 ကလေးတွေအများကြီး (သေကုန်တဲ့အထဲ) ပါတယ်ဆိုတာက သူတို့က သောင်းကျန်းသူအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အုပ်စုတွေထဲ ပတ်သက်နေလို့ပါ။ အဲတော့ ဟုတ်တယ် ကျနော်တို့ တိုက်ခိုက်ခဲ့တယ်။
👶 တိုက်ခိုက်မှုဆိုမှတော့ ဘေးထွက်ဆိုးကျိုးရှိမှာပဲလေ။ ဒါက စစ်ရဲ့သဘောပဲ။ ငြင်းဆန်လို့ မရပါဘူး။
👶 ရှင်းပါတယ်။ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်သမားတွေကို မထောက်ခံရင် တိုက်ခိုက်ခံရစရာ အကြောင်းမရှိပါဘူး။
သတင်းထောက်ကတော့ နိုင်ငံတကာမျက်နှာစာမှာဖြင့် စစ်ကောင်စီကိုပဲ ပြစ်တင်ရှုတ်ချနေတာပဲ၊ တရားတွေတောင် ဆွဲနေတယ်လို့ ပြန်ချေပသွားပါတယ်။ ကမ္ဘာပတ်လာတဲ့ သတင်းထောက်တောင် အံ့ဩတကြီးဖြစ်သွားပြီး စက်ဆုပ်သွားတာ အထင်းသားပါပဲ။
ပြည်သူတွေအဖို့ကတော့ စစ်ကောင်စီ ဘယ်လောက်အထိ ရက်စက်ယုတ်မာတယ်ဆိုတာကို သိပြီးသားဖြစ်ပါတယ်။ အခုလို နိုင်ငံတကာမှာ တရားစွဲတာတွေ ရှိနေချိန်မှာ ဇော်မင်းထွန်းရဲ့ အတည်ပြုဝန်ခံချက်က သက်သေအကြီးကြီး ဖြစ်သွားမှာ ဖြစ်ပါတယ်။
In an interview with #AlJazeera , Zaw Min Tun, the spokesperson for the military junta, explicitly acknowledged the military's attacks across the nation, including the incident in Pazigyi, which resulted in the deaths of civilians, including children. This admission was delivered not with remorse, but rather in a defiant manner.
The journalist inquired whether, irrespective of the assertion that the operations targeted People's Defence Force (PDF) elements, it was acceptable that children were among those killed and horrifically maimed. Zaw Min Tun responded defiantly, reportedly commencing his reply with the phrase, "Therefore..."
His complete response included the following points:
"Regarding the presence of numerous children [among the deceased], it is because they were associated with groups connected to insurgent organizations. Therefore, yes, we conducted the attacks."
"In any military operation, collateral damage is inevitable. That is the nature of war. This cannot be denied."
"It is straightforward: if individuals do not support terrorism and terrorists, there is no reason for them to be targeted."
The journalist countered that, on the international stage, it is the military that faces condemnation and is even subject to legal proceedings. It was apparent that the international journalist was visibly astonished and repulsed by the spokesperson's remarks.
For the people of Myanmar, the extent of the military's brutality is already well understood. At a time when international legal actions are being pursued against the military, Zaw Min Tun's explicit confirmation serves as significant evidence.
#MyanmarEarthquake2025 #myanmarearthquakebreaking #2025April15Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta #WhatsHappeninglnMyanmar #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo @francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
Last Seen Hashtags on Sotwe
teenageee
Seen from Oman
snaphack
Seen from United States
authorevent
Seen from United States
fairylu
Seen from Italy
wariangentot
Seen from Indonesia
canadiancooler
Seen from United States
omegle() filter:videos
Seen from Denmark
奇门
Seen from United States
แก๊งนางฟ้า
Seen from Thailand
small
Seen from Netherlands
Trends for you
Most Popular Users

Elon Musk 
@elonmusk
241.8M followers

Barack Obama 
@barackobama
119M followers

Cristiano Ronaldo 
@cristiano
114.6M followers

Donald J. Trump 
@realdonaldtrump
111.9M followers

Narendra Modi 
@narendramodi
107.2M followers

Rihanna 
@rihanna
98.7M followers

NASA 
@nasa
92.4M followers

Justin Bieber 
@justinbieber
91.8M followers

KATY PERRY 
@katyperry
90.1M followers

Taylor Swift 
@taylorswift13
84M followers

Lady Gaga 
@ladygaga
75.5M followers

Virat Kohli 
@imvkohli
73.5M followers

Kim Kardashian 
@kimkardashian
70.9M followers

YouTube 
@youtube
68.8M followers

Neymar Jr 
@neymarjr
66.5M followers

Bill Gates 
@billgates
65.3M followers

Selena Gomez 
@selenagomez
63.1M followers

The Ellen Show
@theellenshow
62.3M followers

CNN 
@cnn
61.8M followers

X 
@x
60.7M followers






