Home
Language
English
Türkçe
Bahasa Indonesia
About
Privacy Policy
Terms of Service
Pricing
Sign In
Download All
Share
Tint Tint⚖️⚜️
@tint_III
We Need Justice and Democracy🇲🇲Will never allow inhumane dictators to rule us🙅♀️
Joined December 2020
491
Following
426
Followers
4.1K
Posts
Tint Tint⚖️⚜️
@tint_III
about 18 hours ago
ကျမတို့ပြည်သူတွေရဲ့ အမေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပြီး ချစ်တဲ့ ပြည်သူတွေ မိသားစုတွေနဲ့ဆုံဆည်းနိုင်ပါစေ💙🙏 ပြည်သူတွေ နှလုံးသားနဲ့ပို့တဲ့ မေတ္တာတွေ အပြည့်အဝရရှိပါစေ💙🙏
#HAPPY81BIRTHDAY
#ProofOfLife
#FreeDawAungSanSuuKyi
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
about 20 hours ago
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာလို့ သားဖြစ်သူ ကိုထိန်လင်း ပြော လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြ��ုးပမ်းနေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။ မေလ ၁၇ရက် မနေ့က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဗြိတိန်ပါလီမန်ရှေ့မှာ ကိုထိန်လင်းနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး စစ်တပ် မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof of Life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ဗြိ��ိန်ပါလီမန်ရှေ့မှာ မနေ့က စုဝေးလှုပ်ရှားမှုဟာ နိုင်ငံရေးကိစ္စမဟုတ်ဘဲ အခြေခံလူသားဆန်မှု အကြောင်းကိစ္စသာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဘယ်မိသားစုဝင်မဆို သူတ��ု့ချစ်တဲ့သူတွေ အသက်ရှင်သေးကြောင်း သိပိုင်ခွင့်ကို ငြင်းဆန်မခံရသင့်ဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။ “ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဥ်းသားသူ၊ လာမယ့်ဇွန်လ ၁၉ရက်မှာ အသက် ၈၁ နှစ်ပြည့်မယ့် ကျွန်တော့်မိခင် အသက်ရှင်သေးကြောင်း အတည်ပြုတဲ့ သက်သေ လိုချင်ပါတယ်။ စစ်တပ်ဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့ ကျွန်တော့်နှလုံးသားကို ထိခိုက်စေပါတယ်”လို့ ကိုထိန်လင်းက ပြောပါတယ်။ ကိုထိန်လင်းဟာ သူ့ မိခင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်၊ ဘေးကင်းတာကို ရိုးရိုးရှင်းရှင်း သိချင်တာလို့ ဗြိတိန်ပါလီမန်ရှေ့မှာ ပြောပါတယ်။ “ကျွန်တော် မေမေ့အသံကို ကြားချင်တယ်။ မေမေ့မျက်နှာကို မြင်ချင်တယ်။ မေမေ့လက်ကျန်နှစ်တွေမှာ ကျွန်တော် မေမေနဲ့အတူ အချိန်ကုန်ဆုံးဖို့ အခွင့်အရေးရချင်ပါတယ်”လို့ ကိုထိ���်လင်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ခံလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်တလုံးဆီ ပြောင်းရွှေ့ထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုဝင်၊ ရှေ့နေတွေအပါအဝင် လူအများစိတ်ချယုံကြည်ရသူတစ်ဦးတစ်ယောက်နဲ့မျှ တွေ့ခွင့်မရသေးတာကြောင့် ကိုထိန်လင်း ��းဆောင်ပြီး ပြည်တွင်း၊ ပြည်ပမှာ Proof of Life လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကိုထိန်လင်းကတော့ နေရာတစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့တာဟာ လွတ်မြောက်တာ မဟုတ်သလို သူ့မိခင်ဟာ ဓားစာခံအဖြစ် ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။ စစ်တပ်နေရာပြောင်းရွှေ့တယ်ဆိုတဲ့ ဧပြီ ၃၀ရက် နောက်ပိုင်းမှာလည်း ကိုထိန်လင်းဟာ သူ့မိခင်ကို ဘယ်မှာ ထားရှိသလဲ၊ ဘယ်လိုနေထိုင်နေသလဲ၊ ဘေးကင်းစိတ်ချရရဲ့���ား စသဖြင့် အကြိမ်ကြိမ်းမေးမြန်းခဲ့ပေမယ့် တိုက်ရိုက်အဆက်အသွယ် ဘာတစ်ခုမှ မရခဲ့ဘူးလို့ ထပ်မံ ပြောပါတယ်။ စစ်တပ်ရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့၊ ယုံကြည်နိုင်ဖွယ်မရှိတဲ့ လုပ်ဆောင်မှုတွေက ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သေးရဲ့လားဆိုတာကို လုံးဝတိတိကျကျ မသိရှိရုံတင်မကဘဲ သံသယတွေကို ပိုမိုနက်ရှိုင်းလာစေတယ်လို့လည်း ကိုထိန်လင်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူရွေးက���ာက်တင်မြှောက်ထားတဲ့အရပ်သားအစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ် ၃၃ နှစ် ကနဦးချမှတ်ခဲ့တာပါ။ အဲဒီလိုချမှတ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အပေါ် မတရားချမှတ်ထားတဲ့ ထောင်ဒဏ်နှစ်တချို့ကို လျော့ပေါ့ခဲ့ပေမယ့် နှစ် ဘယ်လောက် ကျန်ရှိတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိစွာ တရားဝင်��ုတ်ပြန်ကြေညာတာမရှိပါဘူး။ ရှေ့နေတချို့ရဲ့ တွက်ချက်မှုအရ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က နှစ် ၂၀ ကျော် ထောင်ဒဏ် ချမှတ်ထားဆဲလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ့်သူသမ္မတခန့်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ��ေခဲ့တာတော့ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက သူ့မိခင်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေလို ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ပေးပြီး အသက်ရှင်သေးကြောင်း သက်သေပြဖို့လည်း တောင်းဆိုထားပါတယ်။ #WhatsHappeningInMyanmar
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
3 days ago
တရုတ် သမ္မတ မှ မင်းအောင်လှိုင်အား မှန်ကန်သည့် လမ်းကြောင်း ကို ရွေးချယ်ပါဟု ဆုံးမပြီ ************* ဘီဂျင်း တွင် မင်း အောင်လှိုင် ကို တရားဝင် ကြိုဆိုသည့် အခမ်းအနား ကျင်းပပြီးနောက် သမ္မ�� ရှီကျင့်ဖျင်သည် ၎င်းအား လက်ခံတွေ့ဆုံခဲ့ရာမှ ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် “ပြည်သူ့ထောက်ခံမှုရရှိမည့် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း” ကို ရှာဖွေသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘီဂျင်းမြို့တွင် အင်္ဂါနေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၌ မင်းအောင်လှိုင်ကို ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ မ��်းအောင်လှိုင်၏ ရွေးကောက်ပွဲ ရလဒ်ကို အာဆီယံက အသိအမှတ် မပြုသော်လည်း ရှီကျင့်ဖျင်က ထွက်ပေါ်လာသော စစ်တပ် ကျောထောက် နောက်ခံပြု အစိုးရကို ထောက်ခံ အားပေးခဲ့သည့် အတွက် ယခုလို ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ၎င်း၏ လုပ်ရပ်များကို သဘောကျ နှစ်ခြိုက်မှု မရှိ မချစ်သော်လည်း အောင့်ကာနမ်းနေရသည် ဆိုသော သဘောထားက အထင်အရှား ပေါ်လွင် နေပေသည်။ “ပြည်သူ့ထောက်ခံမှုရရှိမည့် လမ်းကြ���ာင်းကို ရှာဖွေသင့်သည်” ဟု ထည့်သွင်းပြောကြားခြင်းမှာ လက်ရှိ မြန်မာ့အကျပ်အတည်းတွင် စစ်အုပ်စု အပေါ် ပြည်သူလူထု၏ ဆန့်ကျင်မှု ပြင်းထန်နေခြင်းကို တရုတ်က သတိပြုမိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံရေးအရ ရေရှည်တည်ငြိမ်ရန်အတွက် ရွေးကောက်ပွဲကျင်းပရုံမျှဖြင့် မလုံလောက်ဘဲ ပြည်သူလူထု အမှန်တကယ် လက်ခံလာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း မင်း အောင်လှိုင် ကို လူသိရှင်ကြား သံတမန်နည်းလမ်းဖြင့် "သတိပေး" လိုက်ခြင်းလည်း ဖြစ်သည်။ လက်ရှိသွားနေသော ပုံစံသည် လုံးဝပြီးပြည့်စုံခြင်း မရှိသေးဘဲ တိုးတက်မှုနှင့် တည်ငြိမ်မှုရလဒ်များကို လက်တွေ့ပြသနိုင်ရန် မြန်မာခေါင်းဆောင်ပိုင်းထံမှ မျှော်လင့်နေကြောင်း ပြသခြင်းဖြစ်သည်။ မင်းအောင်လှိုင် အတွက် တော့ ထိုသို့ လူသိရှင်ကြား ပြောဆိုခံရခြင်းသည် အထိနာဆုံး ဖြစ်ပြီး ၎င်း၏ ခေါင်းဆောင်မှု ကို ထောက်ခံ နေခြင်းအား အချိန်မရွေး ရုပ်သိမ်းသွားနိုင် သည်ဟူသော အပြောမျိုးလည်း ဖြစ်နေသည်။ ရှီကျင့်ဖျင်၏ စကားအသွားအလာသည် "မျှခြေဖမ်းကစားခြင်း" ဖြစ်သည်။ တဖက်တွင် အထီးကျန်ဖြစ်နေသော စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ပြီး ဆက်ဆံရေးကို "ဦးစား��ေး" အဖြစ် သတ်မှတ်ကာ အကာအကွယ်ပေးထားကြောင်း ပြသနေသော်လည်း၊ တဖက်တွင်မူ တရုတ်စီမံကိန်းများ ဘေးကင်းစေရန်အတွက် ပြည်တွင်းစစ်ကို ထိန်းချုပ်ရန်နှင့် ပြည်သူ့ထောက်ခံမှုရအောင် လုပ်ရန်ဟူသော တရုတ် အစိုးရ၏ မူဝါဒသည် မြန်မာပြည်သူလူထု တရပ်လုံးကို ဦးတည်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ "မျှော်လင့်ချက်/တောင်းဆိုချက်" များကို လိမ္မာပါးနပ်စွာ ဖိအားပေး ပြောဆိုသွားခြင်း ဖြစ်သည်။ ပ��ဿနာ က မင်းအောင်လှိုင်က ထိုသို့ မယူဆခဲ့ခြင်းပင် ဖြစ်သည်၊ ၎င်း၏ ရှင်သန်ရပ်တည်နိုင်မှုသည် ငွေကြေး၊ သံတမန်ရေးနှင့် လက်နက်ခဲယမ်း အပိုင်းတို့တွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီနေလျင် ရပြီ၊ လိုတာ ထုတ်ပေးမည် ဟူ၍ ခံယူထားခြင်း ဖြစ်နေသည်။ ��င်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ ပိုမိုချမ်းသာကြွယ်ဝဖို့နှင့် အာဏာ တည်မြဲဖို့အတွက် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ပြည်သူ့အသက်ပေါင်းများစွာကို ကစားကွက်ရွှေ့သလို ကစား နိုင်ရန် ကြံစည်နေကြသူများ ဖြစ်သည်။ ဤသည်ကပင် တရုတ်၏ မျှော်လင့်ချက် နှင့် ၎င်းတို့ ၏ ခံယူချက် ကွဲပြားနေသည်။ တရုတ်အစိုးရက မင်းအောင်လှိုင်ကို ထောက်ခံရမည် ဆိုလျင် နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခ���ရှိရှိသာ ထောက်ခံလိုသည်။ ယခုလည်း ၎င်းတို့ အကျိုးစီးပွားများ ကြောင့် မဖြစ်၍ နောက်ဆုံး အကြိမ် လိုက်လျောသည့် အနေဖြင့် အိန္ဒိယလို အဆင့် နှိမ့်ချထားခြင်းမရှိဘဲ နိုင်ငံတော် အဆင့် ဖြင့် ဂုဏ်ပြု ပေးခဲ့ခြင်း ဖြစ်သည်၊ မင်းအောင်လှိုင် အား ထိုသို့ ကြိုဆိုပေးခြင်းသည် နောက်ဆုံးအကြိမ်သာ ဖြစ်ပေလိမ့်မည်။ မင်းအောင်လှိုင် သည် သေနတ်ပြပြီး သမ္မတ တက်လုပ် နေရသည့် အဆင့်သာ ရှိပြီး တို��်းပြည်က ဖရိုဖရဲ ဖြစ်နေသည်ကို သိပြီးသားဖြစ်သည်။ ၎င်းတို့ ပိုက်လုံးကို မထိသရွေ့ ကိုယ်ထိ လက်ရောက် ဝင်ကူရဲမည် မဟုတ်ဆိုသည်ကို သိထားဖို့ သင့်သည်၊ ပိုက်လုံးကို ထိလိုက်ပြီ ဆိုသည်နှင့် တရုတ်တို့ ဝင်လာဖို့ အကြောင်းပြချက် ရသွားပေလိမ့်မည်။ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဒေးဗစ် မက်သီဆန် က “တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားမှုက ဖက်ဒရယ်စနစ်အပေါ်မှာ မဟုတ်ဘဲ မြေရှားသတ္တုတွေ၊ အခြေခံအဆောက်အအုံတွေ၊ သတ္တုတွင်းလုပ်ငန်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက်ဖြစ်တဲ့ စီးပွားရေးစင်္ကြံကို လုံခြုံအောင်လုပ်ဖို့အပေါ်မှာပဲ ရှိတာပါ” ဟု ပြောကြားခဲ့သည်။ “ဒါ့အပြင် အနောက်နိုင်ငံတွေဟာ မြန်မာ့အရေးကနေ နောက်ဆုတ်သွားပြီလို့ တရုတ်က ယူဆထားပြ��း မြန်မာနိုင်ငံအပေါ် သြဇာအာဏာအသစ်တရပ် ထူထောင် ပြီး နဖားကြိုး ထိုးဖို့ လုပ်ဆောင်လာမှာ ဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။ #WhatsHappeningInMyanmar #HlaSoeWai ✍️✍️✍️
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
about 2 months ago
စစ်အုပ်စုကို အရေးယူမှုတိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာကို ကုလကျွမ်းကျင်သူ တောင်းဆို နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ဟာ ဆယ်စုနှစ်များစွာကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတာက မြန်မာနိုင်ငံကို လူ့အခွင့်အရေးကပ်ဘေးဆိုက်စေခဲ့တာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ဖို့နဲ့ အကြမ်းဖက်မှုသံသရာကို ချိုးဖျက်ဖို့ အထက်ကုလသမဂ္ဂကျွမ်းကျင်သူက တိုက်တွန်းခဲ့တာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလ��့အခွင့်အရေးအခြေအနေအထူးအစီရင်ခံစာတင်သွင်းသူဟောင်း မစ္စတာတွမ်အန်ဒရူးဟာ ‘ပြစ်ဒဏ်ကင်းလွတ်ခွင့်မှသည် တရားမျှတဆီသို့’ အမည်ရ မြန်မာနိုင်ငံဆိုင်ရာ သူ့တာဝန်နောက်ဆုံးအစီရင်ခံစာကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ “ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ဆိုရင် မြန်မာပြည်သူတွေကို တိုက်ခိုက်နှိပ်စက်နေတဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကို ဖြိုဖျက်ဖို့ လိုအပ်ရုံတင်မကဘဲ ကြီးလေးတဲ့ လူ့အခွင���်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါတယ်။ တရားမျှတမှုနဲ့ တာဝန်ခံမှုရဖို့ ကြိုးစားနေသူတွေကို ကူညီပေးရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်ပဲ အားနည်းနေပါသေးတယ်”လို့ ကုလကျွမ်းကျင်သူက ထောက်ပြပါတယ်။ မြန်မာပြည်သူတွေဟာ တိုင်းပြည်မှာ ဆယ်စုနှစ်များစွာကြာရှည်နေပြီဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာမှာ လျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွား��ေပြီး စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးတစ်ယောက်မျှ အရေးယူခံရခြင်းမရှိတဲ့အပေါ် ခံပြင်း ဒေါသထွက်နေကြတယ်လို့ မစ္စတာတွမ်အန်ဒရူးက သတိပေးပါတယ်။ မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်များစွာကြာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခြင်းအပါအဝင် အခြားသော ကြီ��လေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ "မြန်မာ့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား အမြောက်အမြား စုဆောင်းရရှိထားပါတယ်။ အဲဒီထဲက အများစုဟာ နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်ပါတယ်။ ဒါပေမဲ့ အခုထိ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းကတော့ လက်လှမ်းမမီနို��်��ောင် ဖြစ်နေဆဲပါပဲ”လို့ အထူးအစီရင်ခံစာတင်သွင်းသူ ပြောပါတယ်။ မြန်မာပြည်သူတွေအတွက် ကြန့်ကြာနေတဲ့တရားမျှတမှုဟာ ငြင်းပယ်ခံထားရတဲ့ တရားမျှတမှုပဲလို့ မစ္စတာတွမ်အန်ဒရူးစ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှု ချက်ချင်းလက်ငင်းလိုအပ်နေတဲ့ အခြေအနေကို ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်မှာ မစ္စတာတွမ်အန်ဒရူးရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေအထူးအစီရင်ခ���စာတင်သွင်းသူတာဝန်ဟာ ပြီးဆုံးခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ သူ့နေရာမှာ ဆက်ခံသူအဖြစ် အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက်မှာ ခန့်အပ်ခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ ၇ ဦးမြောက်ဖြစ်လာတဲ့ အသက် ၅၇နှစ်အရွယ် မစ္စစ်ကယ်လီအန်းဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေနယ်ပယ်မှာ ကျွမ်း��ျင်သူဖြစ်တယ်လို့ သိရပါတယ်။ (ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ရှင်းလင်းပြောကြားနေတဲ့ မစ္စတာတွမ်အန်ဒရူးစ်ကို တွေ့ရစဥ်။ ဓာတ်ပုံ - UN Geneva) #WhatsHappeningInMyanmar
See More
Who to follow
Pinky Hlaing
@KyawtMayHlaing5
🇲🇲
ゾロ
@Yair78920555
John Ng
@JohnNg205
tint_III
retweeted
Crystalkeyl
@crystalkeyl
about 2 months ago
မှတ်တမ်းတွေအရဆို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကိုယ်တိုင်က ထုတ်ပြတဲ့ အမေစုပုံ ၂ ခုပဲ ရှိပါတယ်။ (၁) ပထမဆုံးပုံက အာဏာသိမ်းပြီးလပိုင်းအတွင်း တက်သုတ်ရိုက်ဖွဲ့ထားတဲ့ မတရားရုံးက ပုံရိပ်ပါ။ သမ္မတကြီးနဲ့ ဒေါက်တာမျိုးအောင် တွဲလျက်ပါပါတယ်။ (၂) ကနေ့ ထုတ်လာတ���့ပုံပါ။ ကျန်ပုံကတော့ The Guardian သတင်းဌာနကြီးဆီ ရောက်နေတဲ့ ၂၀၂၂ မတရားခွင်ထဲကို ရိုက်ထားတဲ့ CCTV မှတ်တမ်းကနေ Screenshot ပြန်ရိုက်ကြတဲ့ပုံတွေပါ။ တခြားပုံတွေ လုံးဝ မရှိဖူးပါ။ ဆေးရုံတက်နေပုံတို့၊ မတရားခွင်ထဲ ခေါင်းငိုက်စိုက်နေပုံတို့၊ အကျဉ်းထဲ စိတ်ဖိစီးနေပုံတို့တွေဟာ လုပ်ကြံဖန်တီးထားတဲ့ AI ပုံတွေပါ။ ဒီနေ့ထွက်လာတဲ့ပုံရဲ့ စစ်မှန်မှုကို ဘယ်သူမှ အာမခံနိုင်ပါ။ စစ်ကောင်စီကပဲ သက်သေ��ြနိုင်မှာပါ။ သက်သေပြနိုင်တဲ့နည်းတွေလည်း အများကြီးပါ။ ဒါကို သီးသန့်ရေးထားပါတယ်။ အခုလည်းတချို့က အခုပုံက ဘယ်နှစ်ခုတုန်းက ထုတ်ပြန်ခဲ့ဖူးတဲ့ ပုံပါတို့၊ AI ကို မေးတော့ AI က ဒါ ဘာတုန်းက ထုတ်ပြန်ထားတဲ့ပုံပါ��ို့ ဖြေထားတာတို့ ဘာတို့ စာတွေရော screenshots တွေရော အစုံပါပဲ။ အဲတာကြောင့် ထုတ်ပြန်ခဲ့တဲ့၊ ထွက်လာဖူးတဲ့ ပုံအရေအတွက်နဲ့ ပုံစံတွေကို အခုပို့စ်မှာ စုထားပေးပါတယ်။ ကျနော် သိသလောက် ဒါတွေကလွဲပြီး တခြားဘာနည်းနဲ့မှ ထွက်လာတာမျိုး မတွေ့ဖူးပါဘူး။ ဒါ့ကြောင့် ကိုထိန်လင်းရဲ့ Proof of Life ကို ဆက်လက် ပါဝင်ကြရပါမယ်။ နိုင်ငံတကာသံတမန်တွေရဲ့ အင်အားကို လှုံ့ဆော်ရပါမယ်။ အများယုံကြည်နိုင်တဲ့နည်��နဲ့ အမေစု ကျန်းမာရေးကို အသိပေးရပါမယ်။ အမြင့်ဆုံး ရည်မှန်းချက်တွေထဲက တခုကတော့ အမေစုကို လုံးဝ လွှတ်ပေးရပါမယ်။ #ProofOfLife #FreeAungSanSuuKyi #WhatsHappeningInMyanmar
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
2 months ago
အမေစုက တရားနဲ့ပဲနေတော့မယ်ဆိုပြီး ပြောတယ်လို့ ရေးနေကြပါတယ်။ အလွယ်ရေးနည်းကြောင့် အမေစုက အခုမှ တရားရှာတော့မဲ့သဘော ရောက်နေပါတယ်။ တကယ်တော့ အမေစုက ဝိပဿနာတရ���းကျင့်စဉ်ကို တာဝန်ထမ်းဆောင်စဉ်မှာလည်း အချိန်နဲ့အမျှ ရှုမှတ်နေတဲ့သူဖြစ်ပါတယ်။ အမေစုကို ချစ်ခင်တဲ့ မျက်စိနဲ့ကြည့်ပြီး ရေးတာကြောင့် ဒီလို ကောက်ချက် ထွက်တာမဟုတ်ပါဘူး။ သီလ သမာဓိ ပညာနဲ့ ပြည့်ဝတဲ့ ဆရာတော်ကြီးများကိုယ်တိုင် အသိအမှတ်ပြု ချီးကျူးဩဝါဒပေးခဲ့ကြတာပါ။ အထူးသဖြင့် ဆရာတော်ကြီးတွေဟာ အမေစုရဲ့ သည်းခံနိုင်မှု၊ တည်ငြိမ်မှုနဲ့ တရားအသိအပေါ် အခြေခံတဲ့ စိတ်ဓာတ်ကြံ့���ိုင်မှုကို အမိန့်ရှိခဲ့ကြတာပါ။ သာမညဆရာတော်ဘုရားကြီးဟာ အမေစုနဲ့ တွေ့ဆုံချိန်မှာ "သူတော်ကောင်း ဒကာမကြီး" လို့ သုံးနှုန်းခဲ့ပါတယ်။ "ဘယ်သူက ဘာပြောပြော ကိုယ့်စိတ်ကို မေတ္တာနဲ့ပဲ ထားရမယ်" ဆိုပြီး ဆရာတော်ကြီးက ဩဝါဒပေးခဲ့သလို ဒကာမကြီးဟာ ဒါကို လက်တွေ့ကျင့်��ုံးနေသူဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီး ဦးပဏ္ဍိတဟာ အမေစုရဲ့ ဝိပဿနာကျင့်စဉ်နဲ့ ပတ်သက်ပြီး အနီးကပ်ဆုံး လမ်းညွှန်ပေးခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ကြီးက အမေစုရဲ့ တရားအားထုတ်မှုကို (၁) ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်တွေ ဘယ်လောက်များများ၊ အခက်အခဲတွေ ဘယ်လောက်ရှိရှိ "သတိ" ကို လက်မလွှတ်ဘဲ ထားနိုင်သူဖြစ်ကြောင်း၊ (၂) ဒေါ်အောင်ဆန်းစုကြည်ဟာ အာရုံစူးစိုက်မှု အလွန်ကောင်းသူဖြစ်ပြီး တရားကျင့်စဉ်ကို လေးလေးနက်နက် လိုက်နာသူဖြစ်ကြောင်း၊ (၃) ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ''သမီး''လို့ သုံးနှုန်းခေါ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တိုင်း " စိတ်ဓာတ်ဖွံ့ဖြိုး အသိမှန်တိုးစေ " လို့ အမြဲမိန့်ကြားပါတယ်။ အာ��ာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မတ်လမှာ အမေ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးမှာတဲ့ ဘာသာရေးစာအုပ် ၂ အုပ်က ရွှေတောင်ကုန်းဆရာတော်ကြီးရဲ့ သတိပဋ္ဌာန်တရား စာအုပ်နဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်တွေ ဖြစ်ပါတယ်။မဟာဂန္ဒာရုံ ဆရာတော်ကြီးရဲ့ ကိုယ့်ကျင့်အဘိဓမ္မာစာအုပ်ဟာ အဘိဓမ္မာကို လိုတိုရှင်းနားလည်ချင်ရင် ဖတ်ရမယ့် စာအုပ်ဖြစ်ပါတယ်။ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က အမေစုကို "သမီး" လို့ ကရုဏာရှေ့ထားပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ ဆရာတော်ကြီးက ဒကာမကြီးအနေနဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာလည်း တရားလက်မလွတ်ဖို့ ဩဝါဒပေးခဲ့ပါတယ်။ ၁၉၉၀ ဝန်းကျင်က အမေစုက ဆရာတော်ကြီးကို သွားဖူးတော့ မင်းကွန်းဆရာတော်ဘုရားကြီးက ဒေါ်အောင်ဆန်းစုကြည်ကို "ဧဟိ သုဇာတေ" ဆိုပြီး ပါဠိလို နှုတ်ဆက်ခဲ့ပါတယ်။ အနက်ကတော့ " အို... ကောင်းသောမျိုးရိုးရှိသူ၊ လာပါလော့" လို့ ဆိုလိုပါတယ်။ ဆရာတော်ကြီးက တိုင်းပြည်ကို ဦးဆောင်မယ့်သူတစ်ဦး လိုက်နာရမယ့် "မင်းကျင့်တရား (၁၀) ပါး" ကို အကျဉ်းချုပ် ဟောပြောခဲ့ပြီး "မေတ္တာ" နဲ့ "ခန္တီ" ကို လက်ကိုင်ထားဖို့ အဓိက လမ်းညွှန်ခဲ့ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၅ ခရီးစဉ်တွေအတွင်း မော်လမြိုင်ဘက်သို့ ရောက်ရှိချိန်တွင် မွန်ပြည်နယ်၊ ဖားအောက်တောရပင်မကျောင်းတိုက် သို့ သွားရောက်ပြီး ဆရာတော်ကြီးကို ဖူးမြှော်ခဲ့ရာမှာ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို "သစ္စာတရား" ကို အခြေခံ၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရန်နှင့် စိတ်တည်ငြိမ်မှုရရှိစေရန် လမ်းညွှန်ခဲ့ပါသည်။ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဓမ္မ��ဲ့ ပတ်သက်ရင် လေ့လာသင်ယူလိုစိတ် အားသန်ပြီး၊ တရားကျင့်စဉ်ရဲ့ သဘောတရားတွေကို နှံ့နှံ့စပ်စပ် သိရှိသူတစ်ဦးအဖြစ် မှတ်ချက်ပြုခဲ့ပါတယ်။ ပါချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ အခါတွေမှာ အမေစုရဲ့ "စိတ်ဓာတ်ကြံ့ခိုင်မှု" ဟာ တရားအသိပေါ်တွင် အခြေခံနေကြောင်း ချီးကျူးလေ့ရှိပါတယ်။ ဒကာမကြီးရဲ့ တည်ငြိမ်မှုဟာ အပေါ်ယံမဟုတ်ဘဲ သတိ (Mindfulness) နှင့် ပညာ (Wisdom) ကို အခြေခံထားခြင်းဖြစ်ကြောင်း၊ ဘဝရဲ့ လောကဓံတရားတွေကို တရားဓမ္မဖြင့် တုံ့ပြန်နိုင်စွမ်းရှိကြောင်း ချီးကျူးခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ နာမည်ကျော် မိန့်ကြားချက်ကတော့ " ဘာသာတရားကိုင်းရှိုင်းပြီး တိုင်းပြည်ကိုချစ်မြတ်နိုးသည့် အမျိုးကောင်းသမီး သင် မျှော်မှန်းသည့် ငြိမ်းချမ်းရေးရပါစေ " ဆိုတာပဲ ဖြစ်ပါတယ်။ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးကလည်း အမေစုရဲ့ "သည်းခံခြင်း (ခန္တီ)" ကို အထူးချီးကျူးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လောကဓံတရားတွေကို ရင်ဆိုင်ရာမှာ ဒေါသနဲ့ မတုံ့ပြန်ဘဲ တရားနဲ့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်တာကို "ဒါဟာ တကယ့် တရားရှိသူရဲ့ အမူအရာ" လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အတွင်းစိတ် ငြိမ်းချမ်းသူအဖြစ် အသိအမှတ်ပြုခဲ့ပြီး စာဖတ်အားကောင်းမှုနဲ့ ဓမ္မဗဟုသုတကြွယ်ဝမှုကိုချီးကျူးခဲ့ပါတယ်။ #WhatsHappeningInMyanmar #FreeAllPoliticalPrisoners #FreeAungSanSuuKyi
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
2 months ago
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပျောက်ခြင်းမလှ ပျောက်ကွယ်နေဆဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဧပြီ ၁၇ ရက်) ညနေပိုင်းတွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်ဖြစ်သော ခြံအမှတ် (၅၄) သို့ ပြန်လည်ရော���်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိဘဲ ပျောက်ကွယ်နေဆဲ ဖြစ်ပါသည်။ မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲအချိန်အထိ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ၏ အရှေ့ဘက်��ှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် ထူးခြားသည့် လုံခြုံရေး ပြင်ဆင်မှု သို့မဟုတ် လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း မြေပြင်သို့ ရောက်ရှိနေသည့် သတင်းထောက်များက အတည်ပြုပြောကြားထားသည်သတင်းအချက်အလက်များ ရှုပ်ထွေးနေမှုနှင့် မြေပြင်အခြေအနေ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် အချုပ်စခန်းမှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားရှိမည်ဆိုသော သတင်းများ နေပြည်တော်ဘ��်မှ ထွက်ပေါ်နေသော်လည်း အမှန်တကယ် မည်သည့်နေရာတွင် ရှိနေသည်ကိုမူ အတိအကျ မသိရှိရသေးပေ။ * **ခြံအမှတ် (၅၄) အခြေအနေ:** ရန်ကုန်ရှိ သူမ၏ နေအိမ်သို့ တိုက်ရိုက် လာရောက်ပို့ဆောင်နိုင်ခြေ ရှိသည်ဟု ခန့်မှန်းချက်များ ရှိသော်လည်း ညနေပိုင်းအထိ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ * **နေပြည်တော်ရှိ နေအိမ်များ:** နေပြည်တော်တွင် ဆက်လက်ထားရှိမည်ဆိုပါကလည်း မည်သည့်နေရာတွင် ထားရှိမည်ကို မသိရသေးပေ။ ယခင်က ��ားရှိခဲ့ဖူးသော **"နှင်းဆီစံအိမ်"** မှာလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေပြီး ယနေ့အထိ ပြန်လည်ပြုပြင်ခြင်း မရှိသေးကြောင်း သိရသည်။ * **လုံခြုံရေး သုံးသပ်ချက်:** အကယ်၍ နေအိမ်သို့ ပြန်လည်ပို့ဆောင်မည် ဆိုပါကလည်း လုံခြုံရေး အခြေအနေအရ ကြိုတင်အသိပေးခြင်း မရှိဘဲ စစ်တပ်က တိုက်ရိုက်လျှို့ဝှက် ပို့ဆောင်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်နေကြသည်။ #ထောင်ဒဏ် လျော့ပေါ့မှုနှင့် လူထု၏ စိုးရိမ်မှု Reuters သတင်းဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော ထောင်ဒဏ်များထဲမှ **(၄) နှစ်** ပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့သည်ဟု သိရသော်လည်း၊ သူမ၏ ကျန်းမာရေး အခြေအနေနှင့် လက်ရှိ ထိန်းသိမ်းထားသည့် နေရာကိုမူ လျှ��ု့ဝှက်ထားဆဲ ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံးက မိမိတို့ ချစ်ခင်လေးစားရသော လူထုခေါင်းဆောင်၏ သတင်းကို စိုးရိမ်တကြီး စောင့်မျှော်နေကြသော်လည်း ယနေ့ညနေပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းမှာ ပဟေဠိဆန်စွာဖြင့် ပျောက်ကွယ်နေဆဲ ဖြစ်ပါသည်။ #aamij #WhatsHappeningInMyanmar #AungSanSuuKyi #DawAungSanSuuKyi #MyanmarNews
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
2 months ago
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဖိလစ်ပိုင် တောင်းဆို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တောင်းဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)အဖွဲ���ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ကဒေါ်အောင်ဆန်းစုကြည်အပါအဝင်အာဏာသိမ်း မြန် မာစစ်တပ်ကဖမ်းဆီးထားဆဲဖြစ်တဲ့နိုင်ငံရေး အ ကျဉ်းသား အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဧပြီ ၁၉ ရက်နေ့မှာ တိုက်တွန်းခဲ့တာပါ။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ပြန်လွတ်လာခြင်းနဲ့ အကျဉ်းသား ၄၅၁၄ ဦးကို ဧပြီ ၁၇ ရက်နေ့မှာ စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းတွေဟာယုံကြည်မှုတည်ဆောက်ရေးနဲ့အစုအဖွဲ့ပေါင်းစုံ ဆွေးနွေးမှုတွေစတင်နိုင်ရေးအတွက်အပြုသ ဘောဆောင်တဲ့ ခြေလှမ်းတွေအဖြစ်အသိအမှတ် ပြုကြောင်းဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပြန်လွှတ်ရေးဟာ အဓိက အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်နေဆဲဆိုတာ ဖိလစ်���ိုင် အနေနဲ့ ��ပ်လောင်း နှိုးဆော်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ် မြောက်လာရေး ဆိုတာဟာ မြန်မာ့ အကျပ်အ တည်းကို ဖြေရှင်းဖို့ အာဆီယံက ဆွေးနွေး လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည် ဖော်ခြင်းအတွက်လည်း အကျိုးကျေးဇူး ဖြစ်စေလိမ့်မယ်လို့ ဖိလစ်ပိုင်က ထောက်ပြထားပါတယ်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်အပြီး မြန်မာနိုင်ငံမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ကိုက်ညီမယ့် ငြိမ်းချမ်းတဲ့၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ တွေ့မြင်လာရစေဖို့လည်း ဧပြီ ၁၉ ရက်နေ့ ကြေညာချက်ထဲမှာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထည့်သွင်း ဆန္ဒပြုထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှာဖမ်းဆီးခံရပြီးမတ ရား စွပ်စွဲချက်တွ���နဲ့ ပုဒ်မမျိုးစုံတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ အခုအခါ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လက် ကျန်ထောင်ဒဏ် ၂၄ နှစ်ထဲက ၄ နှစ်ခွဲလောက်ကိုသာလျှော့ချပေးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ်လျော့ပေးတယ်ဆိုတာကိုလည်း စစ်တပ်ကတရားဝင်ထုတ်ပြန်တာမျိုးမရှိပဲ သတင်းဌာနအချို့ကိုသာ စစ်အုပ်စုအတွင်းကအမည်မဖော်ပဲ ပြောခဲ့တာမျိုးပဲရှိပါတယ် ။ ကိုးကား-Global Nation (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ။ ဓါတ်ပုံ- Sherlyn Roxas) #WhatsHappeningInMyanmar #FreeAungSanSuuKyi
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
about 2 months ago
အမေစုဟာ လတ်တလောမှာ အသက်ရှင်လျက် ရှိမရှိ (သို့မဟုတ်) ကျန်းမာရေး အခြေအနေ အတိအကျ ဘယ်လိုရှ��တယ် ဆိုတာကို ဘယ်သူမှ တိတိကျကျ အတည် မပြုနိုင်တာဟာ တော်တော်လေး သံသယ ဖြစ်ဖွယ် အခြေအနေ တစ်ခု ဖြစ်ပါတယ်။ လတ်တလောမှာ စစ်အုပ်စုဟာ အကြွင်းမဲ့ သတင်းအမှောင်ချထားခြင်း နည်းလမ်းကို အသုံးပြုနေပြီး အမေစုကို ရှေ့နေတွေ၊ ပါတီ ကိုယ်စားလှယ်တွေ အပြင် မိသား��ုဝင်တွေ နဲ့ပါ ဖုန်းနဲ့ရော စာနဲ့ပါ ဆက်သွယ်ခွင့် မပေးထားပါဘူး။ ICRC နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကိုတောင် ဝင်ရောက် စစ်ဆေးခွင့် လုံးဝ မပေးတာဟာ တော်တော်လေး စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပါတယ်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ အမေစုဟာ သွားဖုံးရောဂါ၊ အစာမစားနိုင်တာ၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းတာနဲ့ ပြင်းထန် နှလုံးရောဂါ ဝေဒနာ (မူးဝေခြင်း၊ အော့အန်���ြင်း၊ နှလုံးအောင့်ခြင်း) တွေကို ခံစား နေရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အထူးကု ဆရာဝန်တွေ၊ ခေတ်မီ ဆေးစစ် ကုသခွင့်တွေ မရရှိတာဟာ အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက လူပေါင်း ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ကြီးလိုမျိုး သဘာဝဘေး အန္တရာယ်တွေ ကျရောက်ချိန်မှာလည်း အကျဉ်းထောင် ထဲမှာ ပိတ် လှောင်ခံထားရတဲ့ အမေစုရဲ့ ဘေးကင်းလုံခြုံမှုကို စစ်ကောင်စီက တရားဝင် အတည်ပြုပေးခြင်း လုံးဝ မရှိခဲ့တာက သံသယတွေကို ပိုမို ကြီးထွားစေပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်း တစ်��က်နေ့မှာ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အမေစုကို ပြစ်ဒဏ် အနည်းငယ်သာ လျှော့ပေါ့ပေးပြီး ဆက်လက် ချုပ် နှောင်ထားတာကြောင့် စစ်အုပ်စုဟာ သူ့ကို ခုတုံးလုပ်ပြီး တော်လှန်ရေး အင်အားစုတွေအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့၊ ဖိအားပေးဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ အခုလို အမေစုကို လျှို့ဝှက်စွာ ဝှက်ထားတာဟာ စစ်ကောင်စီက သူတို့ ဘယ်လိုပဲ အရေခွံလဲလဲ တရားဝင်မှု ကင်းမဲ့��ေပြီး တော်လှန်ရေးကို ရပ်တန့်ဖို့ မဖြစ်နိုင်ကြောင်း သူတို့ ဘာသာ နားလည် ဝန်ခံလိုက်တဲ့ သဘော ဖြစ်သလို သူတို့ အာဏာ တည်မြဲရေးအတွက် အမေစုကို ဓားစာခံ အနေနဲ့ အကြပ်ကိုင်ဖို့ ရည်ရွယ်ပုံ ရပါတယ်။ အမေစုဟာ သူ့ရဲ့ အသက်အရွယ်နဲ့ ရောဂါ အခြေအနေတွေကြောင့် လက်ရှိ အချိန်မှာ အသက်ရှင်လျက် ရှိမရှိ ဆိုတာကိုတောင် မိသားစုဝင်တွေက အတည်ပြုဖို့ မဖြစ်နိုင်တဲ့အထိ ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ပြ���်တောက်နေပါတယ်။ ဒါဟာ မြန်မာ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အလွန်တရာ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုကြီး တစ်ရပ်ပဲ ဖြစ်ပါတယ်။ “We demand proof of life of Aung San Suu Kyi” “အမေစု အသက်ရှင်နေကြောင်း သက်သေပြပါ” #WhatsHappeningInMyanmar
See More
tint_III
retweeted
Soe Ko Ko T Ag
@SoeKoKoTAung
2 months ago
Hla Soewai✍️✍️✍️ အနှစ်သာရမဲ့ ခေါင်းဆောင် - ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မည်မျှကြာအောင် အုပ်ချုပ်နိုင်မည်နည်း? ********************* စစ်အာဏာသိမ်းခေါင်းဆောင် မင်း���ောင်လှိုင်သည် အရပ်သားအသွင် ပြောင်းကာ ၎င်း ဦးဆောင်မည့် အဖွဲ့အား ဝန်ကြီးဌာန ၃၁ ခု ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းတို့ကို ဦးဆောင်ရန် လူ ၃၀ ကို စစ်အုပ်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့သည်။ ၎င်းတို့အနက် ၂၀ ဦးခန့်မှာ စစ်တပ်မှ ဖြစ်ပြီး အမည်စာရင်း တင်သွင်းခံရသူများထဲမှ ၁၆ ဦးမှာ လက်ရှိ စစ်အုပ်စု ၏ ဝန်ကြီးများ ဖြစ် နေသည်။ အများစုမ��ာ အနောက်အုပ်စု၏ အမည်ပျက် စာရင်း တင်သွင်း ခံနေရသူ များ ဖြစ်သည်၊ အာဏာရ ကြံ့ဖွတ် ပါတီ ဒု ခေါင်းဆောင် မျိုးဇော်သိန်းသည် သမဝါယမ ဝန်ကြီး ရာထူး နှင့် ကျေနပ်လိုက်ရပြီ ဖြစ်သည်။ ၎င်း တင်သွင်းသူ များသည် ခွေးပဲ ဖြစ်ဖြစ် ပွေးပဲ ဖြစ်ဖြစ် အတည်ပြုခံရဖို့က ကြိမ်းသေ နေပြီ ဖြစ်သည်၊ ထို့အတွက် ၎င်း၏ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်သူ များ အား အဘယ်ကြောင့် အရေးတယူ လုပ် အချိန်ကုန်ခံ ရှင်��ပြနေလို့ လိုပေဦးမည်နည်း။ ထိုထက်မက အရေးကြိး သည် က သားဖြစ်သူ ၏ ရှော့ပင်း စင်တာ ဖွင့်ပွဲ တက်နိုင်ဖို့ပင် ဖြစ်သည်။ ထိုသို့ အနှစ်သာရ မဲ့ သူ တဦးက ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မည်မျှကြာအောင် အုပ်ချုပ်နိုင်မည်နည်း ဟု အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးက ဧရာဝတီ အင်္ဂလိပ် ပိုင်း တွင် ယခုလို ရေးသားလာခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က အမေရိကန်ပြည်ထ��ာင်စုတစ်ဝန်းတွင် ငြိမ်းချမ်းစွာ ကျင်းပခဲ့ကြသည့် “No Kings” ဆန္ဒပြပွဲများကို ကျွန်ုပ် ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသည��် သံတမန်တစ်ဦး အနေဖြင့် အခြားနိုင်ငံတနိုင်ငံ ၏ ပြည်တွင်းရေးကို တိုက်ရိုက်မှတ်ချက်မပေးလိုသော်လည်း တစ်ခုတော့ ပြောနိုင်ပါသည်။ ယနေ့ကဲ့သို့ အပြန်အလှန် ဆက်နွှယ်နေသော ကမ္ဘာကြီးတွင် တဦးတယောက်ချင်းစီ၏ လုပ်ရပ်သည် နိုင်ငံတနိုင်ငံကိုသာမက တကမ္ဘာလုံးကို သက်ရောက်မှု ပေးနိုင်ပြီး လူသန်းပေါင်းများစွာ (သို့မဟုတ်) ဘီလီယံနှင့်ချီသော ဘဝများကို ကောင်းကျိုး၊ ဆိုးကျိုး တစ်ခုခု ဖြစ်���ေါ်စေရန် ဖန်တီး နိုင်ကြောင်း သတိပြုမိသည်။ ကျွန်ုပ်၏နိုင်ငံတွင် အာဏာမက်မောမှုနှင့် သမ္မတဖြစ်လိုသည့် ပုဂ္ဂိုလ် ရေး ရည်မှန်းချက် နှင့် မိသားစု ကြီးပွား ရေး နောက်သို့ သာ တစိုက်မတ်မတ် လိုက်နေသော အာဏာရှင်တဦးကြောင့် တစ်နိုင်ငံလုံး အဖတ်ဆယ် မရအောင် ပျက်စီးယိုယွင်းနေရသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုများ ရှိနေသည့်ကြားမှ မြန်မာနိုင်ငံသည် လူမှုစီးပ��ားဘဝ တိုးတက်မှုများဆီသို့ ဦးတည်နေပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ အခြေခံအုတ်မြစ်များကို ချမှတ်��ေပြီ ဖြစ်ပါသည်။ သို့သော် ထိုသို့ တိုးတက်မှုအားလုံးသည် လူတဦးတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော အတ္တဆန်သည့် အိပ်မက်တစ်ခုကြောင့် ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။ ထို အခြေအနေများ ကြားတွင် ကျွန်ုပ်တို့နိုင်ငံသည် လူလုပ် ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ တစ်ခုပြီးတစ်ခု ကျရောက်ကာ ဆုတ်ယုတ်ပျက်စီးခဲ့ရသည်။ ယခင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိ���းရလက်ထက်နှင့် မတူဘဲ ထိရောက်သော ဦးဆောင်မှုမရှိသည့်ကြားမှ COVID-19 ကပ်ရောဂါလှိုင်းများကို အလူးအလဲ ခံစားခဲ့ကြရပါသည်။ ထို့ပြင် မုန်တိုင်းများနှင့် ရေကြီးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ်တွင် လူပေါင်းသိန်းချီ သေဆုံးခြင်း (သို့မဟုတ်) အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းအား 7.7 အဆင့်ရှိ ပြင်းထန်သ���ာ ငလျင်ဒဏ်ကိုလည်း ပြည်သူများ ခံစားခဲ့ရသည်။ ယင်းသို့ ဖြစ်ပွားချိန်တွင် စစ်အုပ်စုသည် နိုင်ငံတကာနှင့် ပြည်တွင်းမှ အကူအညီများကို ငြင်းပယ်ခဲ့သည့်အပြင် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အဆိုးရွားဆုံးမှာ ထိုသ��ာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုအကြိမ်ရေ ၅၅၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။ အာဏာရှင်စနစ်၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု ပျက်ကွက်ခြင်းထက် များစွာပို၍ ကျယ်ပြန့်သည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု၏ စီမံခန့်ခွဲမှု အမှားများနှင့် အုပ်ချုပ်ရေးယန္တရား ယိုယွင်းပျက်စီးမှုများကြောင့် စီးပွားရေးပြိုလဲမှု၊ လူမှုအဖွဲ့အစည်းများ ပြိုကွဲမှု၊ လက်နက်ကိုင်ပဋိပက္ခများ မြင့်တက်လာမှုနှင့် တိုင်းရင်းသားစုများအကြား ပိုမိုနက်ရှိုင်းစွာ သဘောထားကွဲလွဲလာမှုများ ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကလည်း မြန်မာနိုင်ငံ၏ အခြေအနေသည် ဘော်လ်ကန်ဒေသ ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကျဆုံးနိုင်ငံ Failed State တနိုင်ငံကဲ့သို့ ဖြစ်လာနေကြောင်း ကျယ်ကျယ် လောင် လောင်သတိပေး ပြောဆိုလာကြသည်။ ယခု အခါ နောက်ထပ် အကျပ်အတည်း တခုကအရိပ်မိုးလာပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် အာရှတစ်ဝန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာနေပြီး ကျွန်ုပ် တို့ နိုင်ငံသည်လည်း ထိုအကျပ်အတည်း မှ လွတ်ငြိမ်း ချမ်းသာခွင့် ရမည် မဟုတ်၍ နောက်ထပ် လူလုပ်ဘေးအန္တရာယ်အသစ်တခုမှာ ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ဒီမိုကရေစီကင်းမဲ့မှုနှင့် အုပ်ချုပ်ရေးညံ့ဖျင်းမှုတို့ကြောင့် ကျွန်ုပ်တို့ ပြည်သူလူထုအပေါ် အကြီးမားဆုံးသော ထိခိုက်နစ်နာမှုများ တစ်ကျော့ပြန် ကြုံတွေ့ရဦး မည်လည်း ��ြစ်သည်။ ကျွန်ုပ်သည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း၌ သောမတ်စ် ဂျက်ဖာဆင် ရေးသားခဲ့သည့် အဆိုအမိန့်တစ်ခုကို သတိရမိလာခဲ့သည်။ ၎င်းမှာ “အစိုးရဟူသည် ပြည်သူတို့၏ အကြားတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ထိုအစိုးရ၏ တရားမျှတသော အာဏာသည် အုပ်ချုပ်ခံ ပြည်သူလူထု၏ သဘောတူညီချက်မှသာ ဆင်းသက်လာခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော ပြည်သူ့သဘောတူညီချက် မရှိဘဲ မည်သည့်အုပ်ချုပ်သူမျှ အ��ဏာကို အကန့်အသတ်မရှိ ဆက်လက်ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ပါ။ ယင်းသည် စိတ်ကူးယဉ်ဆန်ခြင်း သို့မဟုတ် လက်တွေ့နှင့် ဝေးကွာနေခြင်းမျိုး မဟုတ်ဘဲ ယနေ့ ကျွန်ုပ် တို့ နိုင်ငံတွင် ဖြစ်ပျက်နေသော အရှိတရားကို တိုက်ရိုက်ရည်ညွှန်းနေခြင်း ဖြစ်သည်။ မည်သည့်အာဏာရှင်မျှ ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ထာဝရအုပ်ချုပ်၍ မရနိုင်ပါ။ ထို့အတူ ပြည်သူလူထု ဖက်ကလည်း အင်အားသုံး၍ အုပ်ချုပ်ရန် ကြိုးပမ်းသူများကို အသိအမှတ်မပြုဘဲ ငြင်းပယ်ပိုင်ခွင့် အပြည့်အဝ ရှိပါသည်။ အုပ်ချုပ်ခံ ပြည်သူများအနေဖြင့် လွတ်လပ်မှုအတွက် ကြိုးပမ်းရာတွင် ညီညွတ်စွာ၊ ကြံ့ကြံ့ခံကာ ပြတ်သားသော စိတ်ဓာတ်ဖြင့် ဆက်လက်ရှိနေသရွေ့ ပိုမိုတောက်ပပြီး တရားမျှတသော အနာဂတ်တခု ပြန်လည်ရောက်ရှိလာမည်ဟု ကျွန်ုပ် အခိ���င်အမာ ယုံကြည်ပါသည်ဟု ရေးသားထားသည်။ "နှိပ်စက်ခံရမှာ ကြောက်လို့ဖြစ်ဖြစ်၊ အသတ်ခံရမှာ ကြောက်လို့ဖြစ်ဖြစ်၊ တိုးတက်မှုနဲ့ အမှန်တရားဘက်က ရပ်တည်မယ့် လူတွေသာ၊ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ဘူးဆိုရင်...။ လူ့လောကဟာ .. တိရစ္ဆာန်လောက သာသာလောက်ပဲ ရှိနေဦးတော့မှာပေါ့ မြိုင်ရယ်..." #ဗန်းမော်တင်အောင် ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
2 months ago
ဝိဘက်ကြမ္မာ ငင်လာ နေ သော မင်းအောင်လှိုင် နှင့် နောက်ဆက်တွဲများ *********** မင်းအောင်လှိုင်သည် သမ္မတ အဖြစ် အရေခွံ လဲနိုင်ရန် မည်မျှပင် စနစ်တကျ ဇာတ်ညွှန်း ရ��းသားခဲ့သော် လည်း တတိုင်းပြည်လုံး မိုးမွှန်အောင် အဆဲခံနေရချိန် နှင့် တိုက်ဆိုင်နေသည့်အကုသိုလ် အကျိုးပေး နှင့် ကြုံတွေ့လာရပြီ ဖြစ်သည်။ ထိုသို့ ဆဲဆိုနေကြခြင်းမှာလည်း ၎င်း သမ္မတ ဖြစ်လာ��� တော့ မဟုတ်၊ ထိုသို့ ဖြစ်လာရန် ကြံစည်နေသည်ကိုလည်း တတိုင်းပြည်လုံး ငါးတန်း ကျောင်းသား ပါမကျန် ကြို သိထားပြီး ဖြစ်၍ မထူးဆန်းတော့။ ၎င်းတို့ မည်သို့မျှ မျှော်လင့်မထားသော အီရန် စစ်ပွဲ ကြီး ဖြစ်ပေါ်လာပြီး လောင်စာဆီများ အပါအဝင် အစစ အရာရာ ဈေးနှုန်း များ တဟုန်ထိုး မြင့်တက်သွားပြီး မည်သည့် နိုင်ငံမှ မကြုံဖူးသည့် စုံ-မ စနစ်ဆိုကာ ရွှေဉာဏ်တော် စူးရောက်လာမှု ကြောင့်ပင် ဖြစ်သည်။ ယင်းသည်က လက်ရှိ စီးပွားရေး အကျပ်အတည်း ကြီး ကို လောင်စာဆီ ပြင်းပြင်းထိုးပြီး မီးရှိန် မြှင့်လိုက်သလို ဖြစ်သွားခဲ့ရသည့် ကြမ္မာဆိုး နှင့် ကြုံကြိုက်ခဲ့ရခြင်းပင် ဖြစ်သည်။ နောက်ထပ် ရင်မအေးစရာ ထပ် ဖြစ်လာသည်က မြန်မာ နိုင်ငံတွင်းရှိ ကျားဖြန့် ဂိုဏ်းများကို နိုင်ငံတွင်း သို့ ဝင်ရောက် ချေမှုန်းရန် ဝန်မလေး ဟု အက်ဖ်ဘီအိုင် အကြီးအကဲ က အမေရိကန် လွှတ်တော် ထောက်လှန်းရေး ကော်မ���ီ ရှေ့မှောက်တွင် တရားဝင် ကြုံးဝါး ပြောဆိုသွားခြင်း ပင် ဖြစ်သည်။ ထိုသို့ ကြုံတွေ့ နေရချိန်တွင် နောက်ထပ် ကာလ ဝိဖက် နောက်ပိုးတက်လာရသည်က အိန္ဒိယ သမားတော်ကြီးများ ပင့်ဖိတ်၍ ခါးရိုး ခွဲစိတ်ကုသမှု ခံယူလိုက်ရခြင်းပင် ဖြစ်သည်၊ နိုင်ငံ ခေါင်းဆောင်၏ ကျန်းမာရေး သတင်းသည် ထိုသို့သော အထိမခံ ဖြစ်နေသည့် အချိန်မျိုးတွင် ပို၍ ပင် လူသိမခံ လျို့ဝှက်ထားရမည့် သတင်းမျိုး ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာ သတင်း ထုတ်ပြန်လိုက်သည်အထိ အမှားမှား အယွင်းယွင်း ဖြစ်သွားခဲ့ရပြန်သည်။ ဤသည်က ဧရာဝတီ သတင်း မှ ဖေါ့်ပြထား သော မင်းအောင်လှိုင် ၏ ကာလဝိပတ် ��ောက်ပိုးတက်လာရသည့် အကြောင်းများ ဖြစ်သည်။ ယခု အခါ ၎င်းအတွက် စတုတ္ထ မြောက် ကြမ္မာဆိုးကြီးက အင်ဒိုနီရှား မှ ထွက်ပေါ်လာခဲ့ပြန်ပေပြီ၊ ယင်း မှာ ၎င်းအား တရားစွဲဆိုရန် တင်သွင်းလာမှု ကို အင်ဒိုနီရှား ရှေ့နေချုပ် ရုံးက လက်ခံ လိုက်ပြီ ဖြစ်သည်ဟု ဧပြီ ၆ ရက် နေ့တွင် တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာအမျိုးသမီး မစ္စက် ယာစမင်အူလာ မှ တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်၊ သူမအား ပံ့ပိုး ပေးလာသူများထဲတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတစ်ဦးနှင့် အကြီးဆုံး မူစလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မူဟာမ္မဒီယာ ဥက္ကဋ္ဌတို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ် အများ အပြား ပါဝင်လာသည်။ အင်ဒိုနီးရှားနိုင်ငံ၏ Universal Jurisdiction (နယ်နမိတ် မရွေး တရားစီရင်ပိုင်ခွင့်) ကို အသုံးချပြီး အရေးယူပေးရန် တင်သွင်းလာခြင်း ဖြစ်သည်။ ရှေ့နေချုပ်ရုံးက အမှုကို စီစစ်ပြီး အထောက်အထား ခိုင်လုံကြောင်း ဆုံးဖြတ်ပြီး နောက်တွင်တော့ တရားရုံးမှ အမှုကို စတင် ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။ ထူးခြားသည်က အင်ဒိုနီးရှား ရှေ့နေချုပ်���ောင်းကိုယ်တိုင် ပါဝင်နေတာကြောင့် ဥပဒေကြောင်းအရ ပိုမိုလေးနက်သည့် ဖိအားတရပ် ဖြစ်လာပေတော့မည်။ ကမ္ဘာတွင် မူဆလင် လူဦးရေ အများဆုံး ဖြစ်ပြီး G-20 အဖွဲ့ဝင်လည်း ဖြစ်သော အင်ဒိုနီရှားသည် အာဆီယံ တွင်သာမက ကမ္ဘာတွင် ဩဇာသက်ရောက်မှု အရှိဆုံး ဖြစ်၍ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်သည်။ ထိုသတင်းသည် အစောကြီး ကတည်းက ထွက်နေပြီ ဖြစ်သော်လည်း မြန်မာသည် အရှေ့တီမောလို သံတမန် ���ှင်ထုတ်ခြင်း မလုပ်သည့်အပြင် အင်ဒို သံအမတ်ကိုပင် ခေါ်ယူ သတိပေးခြင်း မျိုး မရှိသည်က အံ့ဩစရာပင် ဖြစ်သည်။ နောက်ထပ် နိုင်ငံတကာ က အာရုံစိုက်လာသည်က ယခုလ အတွင်း ရောက်ရှိလာမည့် ထိုင်း နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် ပင် ဖြစ်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတက် သည် ၎င်း၏ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားကြောင်း လူမှုကွန်ရက် မက်ဆေ့ဂျ်များမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်ဟု ဆောင်းပါးရှင် လာရီ ဂျေဂင်က ဧရာဝတီ တွင် ရေးသားခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နေပြည်တော်သို့ ရောက်လာမည်ဟု သတင်���များ ထွက်နေသည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ လာရောက်သည့်အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသော်လည်း အမြဲလို ငြင်းပယ်ခြင်း ခံခဲ့ရသည်။ လက်ရှိတွင် သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး (သို့မဟုတ်) ထိုင်းနိုင်င���ခြားရေးဝန်ကြီးတို့ကို တွေ့ဆုံခွင့် ပေးကောင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်ဟု ဆိုသည်။ #WhatsHappeningInMyanmar
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
3 months ago
• ခင်ဗျားမှာ PRF ထောက်ပို့တပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ်ရှိလား? • ငါတို့တွေ ပြည်သူ့ကာကွယ်ရေးတပ်သာ���တွေရဲ့ မေးခွန်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ "ရှိတယ်” လို့ ပြန်ဖြေနိုင်ဖို့ ကြိုးစားလိုက်ကြရအောင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ယူမယ့်သူ ဘယ်နှယောက်ရှိမလဲ? လာပါ... ငါတို့ အတူတူရုန်းမယ်။ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက - �� https://t.co/knO2opH0xv 💬 https://t.co/RzNXwdIx3T Telegram မှ ဆက်သွယ်ရန် - https://t.co/ypYwgf71nF 🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://t.co/mIIOHrjupr အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။ It’s not an option. It’s “Duty” Report your duty ! တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။ အရေးတော်ပုံ အောင်ရမည်။ #prf4pdf #လာပါငါတို့အတူတူရုန်းမယ် #ပြည်သူ့တော်လှန်ရေးထောက်ပို့တ���်PRF #တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF #ထောက်ပို့လစဥ်အောင်ပွဲဝင် #ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု #PeoplesRevolutionSupplyFamily #ထောက်ပို့PRF
See More
Tint Tint⚖️⚜️
@tint_III
3 months ago
ငါတို့နိုင်ငံမှာ သမ္မတကြီး က ဦးဝင်းမြင့် တစ်ယောက်��ဲရှိတယ်
tint_III
retweeted
Soe Ko Ko T Ag
@SoeKoKoTAung
3 months ago
Hla Soewai✍️✍️✍️ ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးထောင်ချထားသည့် မင်းအောင်လှိုင် သမ္မတ ဖြစ်ပြီ ********* ထိုခေါင်းစဉ် ဖြင့် လန်ဒန်တွင် ထုတ်ဝေသော အင်ဒီပင်းဒင့် သတင်းစာကြီးက ကမ္ဘာကို မေ့ နေမည် စိုး၍ အသိပေး ရေးသားလာခဲ့သည်။ စစ်တပ် အောက်လွှတ်တော် မှ တနင်္လာနေ့တွင် သမ္မတ အဖြစ် ရွေးချယ်ရန် မင်းအောင်လှိုင် အပါအဝင် ဒုသမ္မတ နှစ်ဦး အား အမည်တင်သွင်းလာခဲ့ရာ မင်းအောင်လှိုင် အမည် ပါဝင်လာခဲ့သည်။ မင်းအောင်လှိုင်၏ အမည်ကို ကြံ့ဖွတ် အမတ် ကျော်ကျော်ဌေး ဆိုသူက အဆိုပြု ပေးရသည့် တာဝန်ကို ယူခဲ့ရသည်ဟု သိရသည်။ မင်းအောင်လှိုင် နှင့် အတူ တွဲ၍ အမည်စာရင်း တင်သွင်းခံရသူသည် တဆည ပါတီမှ စစ်အရာရှိ ဟောင်း တဦး ဖြစ်သည့် ကျော်ဆွေ ဟု သိရသည်။ အမျိုးသား လွှတ်တော် ခေါ် စစ်တပ်၏ အထက်လွှတ်တော်မှ ဒုတိယ သမ္မတနှစ်ဦး အမည် တင်သွင်း ပေးရမည် ဖြစ်သည်။ ထို လေးဦး ထဲမှ တဦးကို သမ္မတ အဖြစ် ရွေးပေးရဦးမည် ဖြစ်သည်။ စစ်တပ်၏ အမျိုးသား လွှတ်တော်မှ ဒုသမ္မတ လောင်း နှစ်ဦး အဖြစ် လက်ရှိတွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် ကချင်မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ��ေါင်းဆောင်ဟောင်း ဦးတူးဂျာနှင့် ကြံ့ဖွတ်၏ ကရင်ပြည်နယ် ဒေသန္တရလွှတ်တော်ကိုယ်စားလှယ် နန်းနီနီအေးတို့ ဖြစ်သည်။ စစ်တပ် အောက်လွှတ်တော်သည် ၎င်း၏ အမည်စာရင်းတင်သွင်းထားသူ နှစ်ဦးအနက်မှ တစ်ဦးကို အတည်ပြုရွေးချယ်မည်ဖြစ်ပြီး၊ အထက်လွှတ်တော်ကလည်း ထိုနည်းအတိုင်း ဆောင်ရ��က်မည်ဖြစ်သည်။ လွှတ်တော်နှစ်ရပ်လုံးနှင့် စစ်တပ်တို့သည် မြန်မာနိုင်ငံ၏ ပထမ နှင့် ဒုတိယသမ္မတ သုံးဦးအဖြစ် မည်သူတို့ကို ခန့်အပ်မည်ဆိုသည်ကို ယခု အပတ်အတွင်း မဲခွဲ အတည်ပြု ဆုံးဖြတ်ရမည် ဖြစ်သည်။ မင်းအောင်လှိုင်သည် အမေရိကန် အပါအဝင် အနောက်နိုင်ငံ အများအပြား၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသူဖြစ်ပြီး၊ မလောက်လေး မလောက်စား ၎င်း၏သစ္စာခံ နှစ်ဦးနှင့်အတူ သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခဲ့၍ ရွေးချယ်ခံရတော့မည် ဖြစ်သည်။ စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ မဟာမိတ်များသည် လွှတ်တော်နှစ်ရပ်လုံးရှိ အမတ်နေရာများ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ချုပ်ကိုင်ထားသည်။ ၎င်း၏ "မျက်လုံး နှင့်" ဟု သတ်မှတ်ခံထားရသည့် သစ္စာခံတစ်ဦးဖြစ်သူ ထောက်လှန်းရေး အကြီးအကဲ ရဲဝင်းဦးအား စစ်တပ် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း မြဝတီရုပ်သံလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ယ���်းသည် ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတ ကသာ ခန့်အပ်ရမည် ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံ ပါ အခန်း (၇) ပုဒ်မ (၃၄၂) ကို မျက်နှာပြောင်တိုက် ချိုးဖောက်လိုက်ခြင်း လည်း ဖြစ်သည်။ ရဲဝင်းဦးသည် ရှေ့တန်းစစ်မြေပြင်ကွပ်ကဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှု အတွေ့အကြုံ နှစ်ရပ်လုံးတွင် လိုအပ်သော ခေါင်းဆောင်မှုအတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့် ရှိပုံမရဟု အများက သတ်မှတ်ခံထားရသူ လည်း ဖြစ်သည်။ သတင်းစာက ဆက်လက်ရေးသားရာတွင် ၎င်းသည် တင်းမာခက်ထန်သော စစ်ခေါင်းဆောင်တဦး ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်စွာ လုပ်ကိုင်တတ်သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ မင်းအောင်လှိုင်၏ တခုတည်းသော အရည်အချင်းမှာ လ���်အောက်ငယ်သားများကို ကျွမ်းကျင်စွာ စည်းရုံးကိုင်တွယ် တတ်ခြင်းပင် ဖြစ်သည်။ ၎င်း အပေါ် အပေါ် သစ္စာရှိသူများကို အရေးပါသည့် ရာထူးနေရာများ ပေးအပ်ခြင်းနှင့် နိုင်ငံရေးပြိုင်ဘက်များကို အပြစ်ပေး အရေးယူ၊ ချောင်ထိုး ခြင်း စသည့် နည်းဗျူဟာများကို အသုံးပြုခဲ့သည်။ ၎င်းသည် သမ္မတ ရာထူးကို ဆယ်စုနှစ် နီးပါး မျှော်မှန်းခဲ့သူ ဖြစ်ပြီး ၂၀၂၀ တွင် စစ်တပ်၏ လက်ဝေခံ ပါတီသည် ယခုလို အနေအထ���းမျိုး ရရှိမလာ၍ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်တော့ အရပ်သား အဖြစ် အသွင် ပြောင်းကာ ဆက်၍ အုပ်ချုပ်သွားတော့မည် ဖြစ်သည်။ ထိုသို့ သမ္မတ ဖြစ်လာရန် ရည်ရွယ် ခဲ့မှု ကြောင့် ပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာခဲ့ရပြီး ယခု ထိ လူပေါင်း ၉၀,၀၀၀ ခန့် အသက်ဆုံးရှုံးသွားခဲ့ရပြီး ဖြစ်သည်ဟု ကမ္ဘာတဝှမ်း အကြမ်းဖက်မှု ဖြစ်စဉ်များကို စုစည်းမှတ်တမ်းတင်နေသည့် လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်စဉ် ဒေတာစီမံကိန်း (ACLED) က စာရင်း ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် အတင်းအကျပ် စစ်ထဲ ဆွဲသွင်းခံခဲ့ရသော လူငယ်များလည်း ပါဝင်သည်ဟု ဆိုသည်။ ဖခင် ဖြစ်သူသည် ဆရာအတတ်သင် သိပ္ပံ အနုပညာ ဌာနမှ ကျောင်းဆရာတဦး ဖြစ်သည်ဟု ၎င်း၏ ၂၀၂၀ အ��်တာဗျုးတွင် ထုတ်ဖေါ် ပြောဆိုခဲ့ဖူးသည်ဟု ဒေလီးမေးလ် သတင်းစာက ဆိုသည်။ ၂၀၁၇ ကတည်းက လူပေါင်း ၇၅၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခဲ့ရသည် အထိ ရိုဟင်ဂျာလူနည်းစုအပေါ် စစ်တပ်၏ နှိမ်နင်းမှုကို ဦးဆောင်ခဲ့ခြင်းကြောင့် နိုင်ငံအများအပြားတွင် လက်မခံနိုင်သောသူ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အမုန်းစကားများ လှုံ့ဆော်မှုကြောင့် Facebook အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရ��ြီး ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကိုလည်း ခံခဲ့ရသည်။ ထို့အပြင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ၏ ရှေ့နေချုပ်ကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ၎င်းကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ လူတဦး တည်းက ဟိုရုံးမှ ဒီ ရုံးပြောင်းထိုင်သည့် အခင်းအကျင်းမျိုးသာ ဖြစ်၍ တိုင်းပြည်ကို အုပ်ချုပ်မည့် ဦးနှောက်ကတော့ ယခင်အတိုင်းသာဖြစ်၍ မည်သို့မျှ ပြောင်းလဲသွားမည်က မဟုတ်ပေ။ အရပ်သားအုပ်ချုပ်ရေးသို့ အမှန်တကယ် ကူးပြောင်းနေပြီဟု ကမ္ဘာက ထင်ယောင် ထင်မှားဖြစ်အောင် လှည့်စားရန် ရည်ရွယ်သည့် အရ��က်မဲ့စွာ "တံဆိပ် ပြောင်းကပ်မှု" ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် ယန်ဟီလီးက ဆိုသည်။ ရာထူးအမည်တွေနဲ့ ဝတ်စုံလဲပြီး လုပ်ကြံဖန်တီးထားရုံ နဲ့ ဘယ်သူ့ကိုမှ အရူးလုပ်လို့ ရမှာမဟုတ်ဘူး" ဟု လည်း ပြောခဲ့သည်။ ရုပ်သေးအစိုးရ" သက်သက်သာ ဖြစ်၍၊ ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ၎င်းတို့ကို အသိအမှတ်မပြုကြရန် တိုက်တွန်းခဲ့သည်။ မင်းအောင်လှိုင်က ၎င်းသစ္စာခံ ရဲဝင်းဦးကိုကာကွယ်ရေးဦးစီးချုပ်အဖြစ် ရွေးချယ်လိုက်ခြင်းအပေါ် တပ်တွင်း တွင် "မကျေမနပ်" ဖြစ်နေကြကြောင်း စစ်တပ် သတင်းရင်းမြစ်ကို ကိုးကား၍ DVB က ဖေါ်ပြထားသည်။ အချို့ကရာထူးမှအနားယူတော့မည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းကို ရွေးချယ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် စိုးဝင်းသည် ၎င်း၏ ရာထူးကို မင်းအောင်လှိုင် အလိုကျ ကျော်စွာလင်းအား လွှဲပြောင်းပေးလိုက်ရသည်။ ယခုအချိန်အထိ ကျော်စွာလင်းသည် တိုက်ပွဲများတွင် ပါဝင်ပတ်သက်ခြင်း သို့မဟုတ် တိုက်ခိုက်ရေးတပ်ဖွဲ့များကို ကွပ်ကဲခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။ ယင်းအစား ၎င်းသည် ရိုးရိုး ရုံး တာဝန်များများကိုသာ ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။ စိုးဝင်းသည် စစ်တပ်မှ အနားယူပြီး ၎င်းအား မျက်နှာ မပျက်စေဘဲ ချောင်ထိုး ပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားသည့် အကြံပေး ကောင်စီ ဥက္ကဌ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ မင်းအောင်လှိုင်အနေဖြင့် မည်မျှ ပင် စိတ်ချရ အောင် အပိုင်ကြံထားသော်လည်း စစ်တပ်ကို ဆက်လက်မချုပ်ကိုင်နိုင်တော့သည်နှင့် တစ်ပြိုင်နက် ၎င်း၏ အာဏာအချို��� ဆုံးရှုံးသွားမည်ကို စိုးရိမ် နေရမှုမှာ ရှိနေဆဲဖြစ်သည်။ ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!! #FreeDawAyngSaanSuKyi #2026April2Coup #WhatsHappeninglnMyanmar #TheCruelAndEvilPracticesOfTheChineseGovernment #CCP_StopSupportingCriminals #ChinaStopSupportingJunta #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #euc
ouncil
#
euco @GOVUK @re
alD
onaldT
rum
p @POT
US
@
JD
Vance @V
P
@WorldBan
k
@FCDOGovUK @H
ou
seofCommons @10
Do
wningStreet
@R
apporteu
rU
n
@U
SAmbUN @UN @
EU_
Commission @E
UC
ouncilPress
@S
abatucciEU
@EUCouncil
@E
uroparl_EN
@VD
ombrovsk
is
@JPN_PMO
@Ger
manyDiplo @f
ran
cediplo_EN
@I
talyMFA_
in
t @eu_eeas @EU
_P
artnerships @
Jo
sepBorrellF
@
miquelic
et
a @ab
cnews @ASEAN #TheMyanmarSpringRevolutionIsFightingNotOnlyTheMilitaryDictatorshipButAlsoTheChineseGovernme nt (#CCPChina)
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
3 months ago
ပယောဂမှန်ရင် သံချွန်မီးဖုတ်ထိုးစရာမလိုဘူး။ သွလိုလို တုန်ဆင်းလာတဲ့အမျိုး။ ဒလဟောပဲ။ အထူးဆိုရသော် ဂုလို ဆိုရှယ်မီဒီယာခေတ်ကြီးမှာ အောက်စီဂျင်ဗူး ခါးကြားထို��လဲ ဘယ်အကောင်မှ ရေကြာကြာမငုတ်နိုင်ဘူး။ ရှေ့ကဖုံးနောက်ကပေါ် ဟောင်းလောင်းဖစ်တာချည့်။ လိမ်နိုင်ရင် ပညာယှိ၊ ဝါနိုင်ရင် သမာဓိ၊ မိုက်ရိုင်းတော့ထင်ပေါ်၊ မှန်ကန်တော့လူမုန်း၊ ရိုးသားတော့လူဖြစ်ရှုံး ဆိုတာတွေက နေ့တဝက်မကူး တော့ပါပု။ ဆိုရှယ်ဒွန္နယာကြီးက သူ့သဘောသူဆောင် သရုပ်မှန်တွေကို တလွှာပြီးတလွှာ ခွါချပစ်နေတာမို့ စိတ်ရှည်သည်းခံ၊ လမ်းကြောင်းမှန်၊ ဂျောင်းရ ဟောင်းလောင���းချည်းပဲ။ ခဏတဖြုတ်တော့ အိယောင်ဝါးကြတာ လူ့သဘာဝ။ ကမ္ဘာဦးလူသားတွေ နေထွက်တိုင်း ထိုင်ကတော့ကြသလို အားကိုးရာ ရှာကြတာ မဆန်း။ ဗိုလ်ချုပ်အောင်ဆန်းဝင်စားသတဲ့။ ဒေါ်အောင်ဆန်းစုကြည်လက်သစ်လေးတဲ့။ ဟောဒီ သောက်တိုင်းပြည်အတွက် သူသာလျှင်ဘဝ၊ သူသာလျှင်အသျှင်သခင်။ ထင်တလုံးနဲ့ ကော့တက်ခဲ့ကြတာ အပြစ်ရယ်လို့ မဆိုသာ။ အဲအုပ်ထဲ ငါလည်းပါသကိုး။ ဒါဘေမက် ဖွတ်မထွက်ခင်က တောင်ပို့မှန်းသိ���ြနွန်း��ို့ ဖွတ်တွေလဲ ပြူတစ်ပြူတစ်မလုပ်ရဲတဲ့ အနေအထား။ ခေါင်းထွက်တာနဲ့ ဟက်ပီးဝါးက အရုပ်လို တူနဲ့ဝိုင်းထုလို့ ဖွတ်ဖွတ်ညက်ညက်ကြေကုန်တာပဲ မဟုတ်လား။ ဆိုတော့ကာ.............. အခုဘာလုပ်ကြမလဲ။ ဘယ်ကိုရွေ့မလဲ။ ဘာတွေမျှော်လင့်မလဲ။ သွသူတောင် နေ့တွက်မကိုက်လို့ သတင်းစာမှာ ကြေညာနေရတဲ့ ဗေဒကဝိတွေ အားမကိုးလေနဲ့။ ဒို့ခြေဒို့လက် ဒို့ခွန်အားတွေနဲ့ ရှေ့သို့သာလှမ်း သောကြာကြယ်အလား စိတ်ကိုသာ မွေးကြစို့။ မအလ က အတစ ကို ကြိုးစင်လက်မှတ်တရားဝင် လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားနောက်လဲ မလိုက်နဲ့။ လဘက်ခြောက်ကို ဘောင်းဘီချွတ်ပြီး နောက်ပိုင်းကြမ်းမယ်ဆိုတာလဲ အာရုံမပြားကြနဲ့။ မအလ နောက်ပိုင်းကြမ်းမယ်ဆိုလို့ ခေါဘဏီခမျာ့ ဖျင်ပေးအိပ်နေတာ ရက်ပေါင်းမနည်းတော့ဘူးတဲ့။ ဟော့အစ်သျှူး လက်ယာ၊ လက်ဝဲ မြိုင်မှာ ထိပ်တိုက်ဆိုင်ကြတာလဲ စိတ်မပူကြလေနဲ့။ အဓိက က အဓိကမဟုတ်လား။ ပြာပုံ��နေ ဖလူးဖလူးခါပြီး အောင်နက်က ပလ္လင်ပေါ်တက်တိုင်း ဘျင် ဖြစ်တာမှ မဟုတ်��ဲ။ ကိုယ့်အခြေအနေ သူ့အခြေအနေ လောင်းကြေး ဘယ်လိုရှိသလဲဆိုတာသာ မြင်အောင်ကြည့်ကြပါစို့။ အခုထိ အောင်နက်ရဲ့ ပလ္လင်သိမ်းအောင်ပွဲကို ပထွေးတော် သာကောကတောင် တခုတ်တရ ဂုဏ်ပြုချီးမွမ်းတာ တွေ့မိလို့လား။ ကျန်နိုင်ငံတွေဆိုတာ ပြောမနေနဲ့။ မဖြစ်ခင်က ကန့်ကွက်ပါသည်တွေပဲ ပလူပျံနေတာမဟုတ်လား။ ဂလိုအနှီလို အနေအထားမှာ ငတို့ဖက်က ဟိုကောင်စီဆိုတာကြီး ပေါ်လာတယ်လေ။ ပျင်းရိခြင်း ၆ပါးလို စောလွန်းသည်၊ နောက်ကျလွန်းသည် စဆရက သိပ်မလုပ်ကြပါနဲ့လား။ စစ်ရေး၊ နိုင်ငံရေး ပေါင်းဆော်မယ်လို့ ကတိပြုထားလေတာမို့ စောင့်ကြည့်၊ လေ့လာ၊ ဝန်းရံ တွန်းလှန်ကြရုံသာပ။ ကိုယ့်ချင်းကိုယ့်ချင်းလဲ သိပ်မတွက်ကြလေနဲ့။ တချို့တွေက ဘဲနဲ့ဖောက်တဲ့ကြက်လိုပဲ။ မွေးကာစ မသိသာပေမယ့် အချိန်တန်ရင် ဘဲကဘဲ၊ ကြက်ကကြက် လမ်းချင်းမတူလို့ ရေမြင်တိုင်း ခုန်ဆင်းတယ်လို့သာ မှတ်ကြ။ ဘဲခုန်ဆင်းတိုင်း ���ြက်က လိုက်ခုန်ဆင်းရင် ကာလနာတိုက်ကုန်မှာပေါ့။ ဟုတ်ဖူးလား။ ကဲပါ.......... ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေးကထက်ပိုလို့ချစ်ကြရင်း ဒီစစ်ကို အောင်ပွဲနဲ့အတူ အပြီးသတ်ကြရအောင်ပါဗျာတို့။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (အောင်စည်ရွှမ်းသံကြားပြီထင့် ပြည်တော်ဝင်မယ်လေ ကဏ္ဍ) #WhatsHappeningInMyanmar
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
3 months ago
ဒီနေ့တော့ ပြောလက်စနဲ့ OTS ဆင်း သန်းရွှေနဲ့ DSA ဆင်း မင်းအောင်လှိုင်ရဲ့ ဥာဏ်ရည် ဘယ်လောက် ကွာသလဲ ဆိုတာ ပြောပြရဦးမယ်။ သန်းရွှေက သူအနားယူမယ့် အချိန်အတွက် နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့ပြီး Guided Transition ကို စနစ်တကျ လုပ်ဆောင်ခဲ့တဲ့သူလို့ နိုင်ငံရေး လေ့လာသူတွေက အမြဲ သုံးသပ်ကြတယ်။ သူအနားယူတဲ့အချိန် အာဏာအားလုံးကို လူတစ်ဦးတည်းလက်ထဲမှာ မထားဘဲ ခွဲဝေ ပစ်လိုက်တယ်။ သမ္မတက သိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌက ရွှေမန်း၊ တပ်ချုပ်က မင���းအောင်လှိုင်၊ ကြံ့ဖွတ် ဥက္ကဋ္ဌက ဌေးဦး စသဖြင့် နေရာခွဲဝေပေးပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် ထိန်းကျောင်းစေတဲ့ မော်ဒယ်ကို သုံးခဲ့တယ်။ ၂၀၀၈ ခြေဥမှာ လွတ်တော်ထဲ အစိတ်သား ထည့်ပြီး နိုင်ငံအုပ်ချုပ်ရေး အတွက် အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုကို စစ်တပ်လက်ထဲ ထည့်ခဲ့တယ်။ ဒါက ဘာကိုပြနေ သလဲ ဆိုတော့ သူနဲ့ သူ့မိသားစုအတွက် အနာဂတ် လုံခြုံရေး၊ စီးပွါးရေးနဲ့ နောက်ကြောင်းပြန် အရေးယူ မခံရဖို့ ခိုင်မာတဲ့ အာမခံချက်တွေ လုပ်ခဲ့ပြီးမှ ကန့်လန့်ကာ နောက်ကွယ်ကို ဝင်သွားခဲ့တယ် ဆိုတာပဲ။ အသိသာဆုံး တစ်ချက်က သန်းရ��ှေဟာ သူအနားယူတဲ့ အချိန်မှာ သိပ်ပြီး နာမည်ပျက် မများခဲ့တဲ့သူ၊ ရုပ်ပြ ကောင်းမယ့် သူတွေကိုပဲ နေရာပေးခဲ့တာ တွေ့ရတယ်။ သူ့လက်ထက်မှာ နိုင်ငံရေးသမားတွေကို လက်သံ ပြောင်ပြောင်နဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့တဲ့ ခင်ညွန့်လို လူမျိုးဟာ အမြင့်ဆုံး အဆင့်ထိ တက်မလာခဲ့ သလို နောက်ဆုံး သူ့အာဏာကို ခြိမ်းခြောက်လာလို့ သူကိုယ်တိုင် ထောင်ထဲကို ပို့ခဲ့တာ တွေ့ရတယ်။ မင်းအောင်လှိုင် ကျတ��ာ့ ၂၀၂၁ မှာ မဆင်မခြင် အာဏာလုပြီး နောက်ပိုင်း သူကြိုတင် မခန့်မှန်းထားတဲ့ နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်။ ဒီအချိန်မှာ သမ္မတ��� ဝန်ကြီးချုပ်၊ တပ်ချုပ် စတဲ့ အမြင့်ဆုံး အာဏာအားလုံးကို ခွဲဝေပေးဖို့ အချိန် အတော်ကြာ ခက်ခဲနေပြီး လူယုံတွေကိုပဲ မကြာခဏ နေရာ အပြောင်းအလဲ လုပ်နေရတယ်။ သူ့လက်ထက်မှာ တော်လှန်ရေးတပ်တွေနဲ့ EROs တွေရဲ့ ထိုးစစ်တွေကြောင့် မြို့ရွာတွေ၊ စစ်စခန်းတွေနဲ့ နယ်စပ် ကုန်သွယ်ရေးစခန်း အများအပြားကို လက်လွှတ် ဆုံးရှုံးထားရတယ်။ ဒါဟာ စစ်တပ်သမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်ရေး အကျပ်အတည်း��ို့ ပြောလို့ရတယ်။ အရင်ကလည်း ပြည်တွင်းစစ်ကို ကာလရှည်ကြာ တိုက်ခဲ့ရပေမယ့် စစ်ဌာနချုပ်တွေ ကျတဲ့အထိ ရုပ်ပျက်ဆင်းပျက် မရှုံးဖူးဘူး။ ဒီလိုအချိန်မှာ နောက်ကျော မလုံတဲ့ မင်းအောင်လှိုင်ဟာ ပြည်သူတွေ အများကြီးကို မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ထားတဲ့ စရဖ အရာရှိချုပ်ဟောင်း ရဲဝင်းဦးလို လူမျိုးကို ဘေးနားမှာ အမြဲခေါ်ထားရပြီး အရေးပါဆုံး တပ်ချုပ်နေရာကိုပါ ပေးအပ်ခဲ့တာ တွေ့ရတယ်။ ဒါဟာယုံကြည်မှု ဆိုတာထက် သူကိုယ်တိုင်က DSA ကျောင်းဆင်း တွေကို မယုံကြည်လို့ OTS ဆင်း ရဲဝင်းဦးအပေါ် မှီခိုနေရတာကို မြင်သာစေပါတယ်။ မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်တော် လှန်မှုတွေသာမက တပ်တွင်းမှာပါ သူ့အပေါ် မကျေနပ်မှုတွေနဲ့ သစ္စာ��ောက်မှုတွေ ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ သဘောပါပဲ။ ဒါကြောင့် သူ့ကို ကာကွယ်ပေးဖို့နဲ့ တပ်တွင်းက အရာရှိတွေကိုပါ ပြန်လည် စောင့်ကြည့် ထိန်းချုပ်ပေးဖို့ ရဲဝင်းဦးလို ရက်စက် ပြတ်သားပြီး ထောက်လှမ်းရေး သတင်း ရယူနိုင်သူ တစ်ယောက်ကို မရှိမဖြစ် လိုအပ်နေတာပါ။ ခြုံကြည့်ရင် DSA ဆင်း မင်းအောင်လှိုင်က OTS ဆင်း သန်းရွှေလို စနစ်တကျ Exit Strategy ကို မဖော်နိုင် သလို နိုင်ငံတကာဖိအားနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားကို ရေရှည် ကာကွယ်နိုင်မယ့် စနစ်လည်း မတည်ဆောက် နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူ့ရဲ့ ပုဂ္ဂိုလ်ရေး မနာလိုမှုနဲ့ သမ္မတ ဖြစ်ချင်တဲ့ လောဘစိတ်ကြောင့် တိုင်းပြည်ကိုရော၊ သူ့စစ်တပ်ကိုပါ ချနင်းပြီး မဆင်မခြင် လုပ်နေတာတွေက သူ့ရဲ့ ဥာဏ်နည်းမှုကို ပြသနေတဲ့ သဘောပါပဲ။ #WhatsHappeningInM
yanmar @zint
hawnaing ✍️✍️
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
3 months ago
အမေစုဟာ သူ့ဘဝရဲ့တခုတည်းသောနိုင်ငံရေး ရည်မှန်းချက်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်��ြည်ထောင်စု ဖြစ်တည်ရေးသာဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းမှာ ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေကို အမေစု ရှင်းပြပြောပြခြင်းကသာ လူထူနားထဲအဝင်ဆုံး နားအလည်ဆုံးဖြစ်ပါတယ်။ ထို့ကြောင့်လဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်ရေးကို အစွမ်းကုန်ကြိုးစားနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ(၂၈)ရက်နေ့ "တစ်နိုင်ငံလုံးပစ်ခင်္တ်တိုက်ခိုက်မှုရပ်စဲရေး(၄)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား" မိန့်ခွန်းမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက် ဒရယ်မူ(၆)ချက်နှင်္င့အတူ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အမေစုပြောခဲ့တဲ့ အချက်တချို့ကို ရက်စွဲပါ ပုံတွေနဲ့ စုစည်းတင်ပြလိုက်ပါတယ်။ မူရင်းပုံများအား ခရက်ဒစ် ပေးပါတယ်။ #WhatsHappeningInMyanmar #FreeAungSanSuKyi
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
3 months ago
Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ မြန်မာပြည်တွင်း ဆက်သွယ်ရေး Operator တွေဖြစ်တဲ့ ATOM၊ U9၊ MyTel တို့ဆီကနေ Sim Card သုံးစွဲသူအချို့ရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ Sim Card အသုံးပြုသူရဲ့ ကိုယ်ရေးရာဇဝင်၊ Sim Card ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI တွေကို ပေးပို့ဖို့ စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းအချက်အလက် ရယူရေးအဖွဲ့က အမိန့်ပေးညွှန်ကြား��ားတဲ့ လျှို့ဝှက်ညွှန်ကြားစာကို CJ Platform က လက်ခံရရှိထားပါတယ်။ ပေါက်ကြားစာမှာ U9 Sim Card အသုံးပြုသူ ၂ ဦး၊ ATOM Sim Card အသုံးပြုသူ ၈ ဦး၊ MyTel Sim Card အသုံးပြုသူ ၄ ဦးရဲ့ User Information၊ Location၊ Call List၊ IMEI တွေကို အမြန်ဆုံး ပေးပို့ဖို့ ထည့်သွင်းညွှန်ကြားထားတာကို တွေ့ရပါတယ်။ စစ်အုပ်စုက လိုက်လံထောက်လှမ်းနေတဲ့ Sim Card နံပါတ်တွေကို အသုံးပြုနေဆဲဖြစ်သူတွေ အမြန်ဆုံး သိရှိနိုင်ပြီး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် CJ Platform အနေနဲ့ ပေါက်ကြားစာမှာ ပါဝင်တဲ့ ဖုန်းနံပါတ်တွေကို ဖုံးကွယ်ခြင်းမရှိဘဲ သတင်းဓာတ်ပုံမှာ ထည့်သွင်းဖော်ပြထားပါတယ်။ စစ်အုပ်စုဟာ အခွန်အကြောင်းပြကာ ပြည်သူတွေ သုံးစွဲနေတဲ့ လက်ကိုင်ဖုန်းတွေက မိုဘိုင်းဖုန်း တစ်လုံးချင်းစီရဲ့ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity - IMEI) နံပါတ်တွေကို လာမယ့် မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register - CEIR) မှာ Sim Card နဲ့အတူ မှတ်ပုံတင်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ဒါဟာ ဆက်သွယ်ရေး Operator တွေဆီကနေတစ်ဆင့် ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်အုပ်စုက စောင့်ကြည့်ဖို့အတွက် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ #CJPlatform #ပေါက်ကြား #IMEI #ဖုန်းခေါ်ဆိုမှု #ATOM #U9 #WhatsHappeningInMyanmar
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
4 months ago
❗️IMEI နံပါတ်များအား အများနှင့် မျှဝေခြင်းမပြုရန် သတိပေးချက်‼️ ⚠️စစ်ကောင်စီ၏ IMEI နံပါတ်များ မှတ်ပုံတင်ရန် ဖိအားပေးလာတဲ့နောက်ပိုင်း အများပြည်သူအနေဖြင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး မေးခွန်းများ၊ မရှင်းလင်းမှုများလည်း အွန်လိုင်းတွင် များစွာ တွေ့ရှိနေရသည်။ 📌စိုးရိမ်စရာ အချက်တစ်ခုမှာ IMEI န���ပါတ်များအား Screenshot ရိုက်တာ မေးမြန်းမှုများ ဖြစ်သည်။ ⚠️IMEI နံပါတ်များသည် လူအများ နှင့် လုံးဝ မမျှဝေသင့်သည့် ကိုယ်ပိုင်အချက်အလက်ဖြစ်သည်။ ❗️IMEI နံပါတ်ပေါက်ကြားသည့်အခါ ကိုယ့် IMEI အား ပွားယူခြင်း၊ တလွဲသုံးခြင်းများ ကြုံရနိုင်ပါသည်။ ‼️ကိုယ့် IMEI နံပါတ်ကို အသုံးပြုကာ လိမ်လည်မှုများတွင် အသုံးပြုမှုများလည်း ပေါ်ပေါက်နိုင်သည်။ 📍ထို့ကြောင့် အွန်လိုင်းတွင် မေးမြန်းမှုများ ပြုလုပ်ရာတွင် IMEI နံပါတ်များအား ဖုံးကွယ်၍သာ မျှဝေကြရန် အလေးနက်ထား တိုက်တွန်းအပ်ပါသည်။ #နွေဦးလုံခြုံရေး #SRS #SpringRevoultionSecurity #WhatsHappeningInMyanmar
See More
tint_III
retweeted
Crystalkeyl
@crystalkeyl
4 months ago
. ဒီရက်ပိုင်းမှာ မင်းအောင်လှိုင် သမ္မတလုပ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ အများအပြားထွက်လာတယ် ၊ အကြောင်းရင်းကတော့ စကမနိုင်ငံခြားဝန်နဲ့ ထိုင်းနိုင်ငံခြားဝန် ဖူးကက်မှာတွေ့အပြီး မြန်မာဝန်ကြီးရဲ့ ပြောကြားချက်ကို BBC က ပြန်ဖြန့်တဲ့စကားအရပါ ��� ကာချုပ်ပြောင်းမယ် ဘာညာပေါ့ ၊ ဦးသန်းဆွေရဲ့စကားကို ကျမတော့ သိပ်မထင်ဘူး ၊ သူ့အဆင့်လောက်နဲ့ ကာချုပ်ပြောင်းမယ် ၊ သမ္မတပြောင်းမယ်လို့ သူကြိုပြောနိုင်တဲ့အဆင့်မရှိပါဘူး၊ သူမပြောနဲ့ ဒုတပ်ချုပ်စိုးဝင်းတောင် မင်းအောင်လှိုင် ဘာလုပ်မယ် သိခွင့်မရှိလောက်ဘူး၊ အာဏာရှင်တွေ မဟုတ်လား ၊ ဒါပေမယ့် မင်းအောင်လှိုင် သမ္မတလုပ်မှာလည်း ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ် ၊ ပြင်ဆင်နေတဲ့ အခင်းအ���ျင်းတွေကြောင့်ပါ။ . အစကတော့ စစ်အာဏာလက်မလွှတ်ပဲ ကာလုံကနေ ၊ အတိုင်ပင်ခံရာထူးကနေ ထိန်းချုပ်သွားလိမ့်မယ် ယူဆမိတာပါ၊ ဒါပေမယ့် အရင်က အာဏာရှင် Model တွေက အတုယူစရာတွေရှိတယ်၊ သူက အသစ်မကြံတတ် ဖန်တီးတတ်တဲ့ဉာဏ်ရည်ဉာဏ်သွေး မရှိတာမို့ ရှေ့ကလူတွေလမ်းကြောင်းကို အတုခိုးချ လိုက်လုပ်နိုင်တာမို့ပါ။ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပ���ီး ဦးနေဝင်းက ၁၉၆၂ မှာ စစ်အာဏာအပြီးသိမ်းလိုက်ပြီး ဖွဲ့စည်းပုံဥပဒေမရှိပဲ တိုင်းပြည်��ို ၁၂ နှစ်အုပ်ချုပ်တယ် ၊ ၁၉၇၄ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပါတီစနစ်ကို ကျောထောက်နောက်ခံထားပြီး ရေးဆွဲခဲ့တယ် ၊ အဲဒီတုန်းကတော့ ဒေါက်တာမောင်မောင်ပေါ့၊ တပါတီစနစ်ကျင့်သုံးတာက အာဏာကို ထာဝရကိုင်ထားချင်တာမို့ပါ ။ . ၇၄ ဖွဲ့စည်းပုံအရ အရပ်သားအစိုးရကို အာဏာလွှဲတော့မယ်ဆိုပြီး သူက ဆိုရှယ်လစ်လမ်းစဥ်ပါတီဥက္ကဌကြီးလုပ်လိုက်တယ် ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီထဲကို ဝါရင့်စစ်တပ်အရာရှိတွေ အများအပြားပို့လိုက်တယ်၊ စစ်တပ်မှာ သူ့သြဇာကို နာခံမယ့် စစ်ဗိုလ်တွေပဲထားပြီး စီနီယာတွေ ပါတီဝင်ဖြစ်၊ ပါတီညီလာခံကျင်းပတော့ သူ့ပဲဥက္ကဌတင်တာပေါ့ ၊ ကျန်တဲ့သူ့လူ ပါတီလူကြီးတွေကလည်း စစ်တပ်ကို သြဇာညောင်းကြသူတွေပါပဲ ၊ စစ်တပ်က အရာရှိကြီးတွေလည်း ပါတီဝင်တွေပါ၊ ကာချုပ်ကအစပေါ့၊ စစ်ဖက်အရာရှိကြီးတွေကိုတော့ ပါတီမှာ သူတို့အောက်ကထားထားလိုက်တယ် ၊ ပါတီကနေပြီးချု���်ကိုင်ဖို့ပါ ၊ ပြီးတာနဲ့ ရွေးကောက်ပွဲလုပ်၊ အရွေးခံရသူသမ္မတကြီးက ဗိုလ်ချုပ်ကြီးနေဝင်းက အသွင်ပြောင်းလာတဲ့ ဥ်ိးနေဝင်းပဲပေါ့ ။ . ၁၉၇၄ ကစပြီး အုပ်ချုပ်လိုက်တာ တံခါးပိတ် စီးပွားရေးစနစ်နဲ့ တိုင်းပြည်လည်း စုတ်ပြတ်သတ် အဖက်ဖက်ကယိုယွင်းပြီး နောင် ၁၄ နှစ်ကြာချိန်မှာ သူဘယ်လိုမှ ထိန်းမရတော့ပဲ ၁၉၈၈ အရေးအခင်းကြီးထဖြစ်ပြီး တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းသွားတယ် ၊ အခုလည်း မင်းအောင်လှိုင်က ဒီပုံစံ လိုက်ချိုးနေတာ တွေ့ရပါတယ် ၊ စီနီယာအရာရှိ အတော်များများကို တစညနဲ့ ကြံ့ဖွတ်ကိုပို့လိုက်တယ် ၊ သူခိုင်းရင် တသွေမတိမ်းလုပ်မယ့် ဂျူနီယာကျတဲ့ ကျော်စွာလင်းတို့ကို ထားခဲ့ပြီး စစ်တပ်ကို ပါတီကမကိုင်ရင်တောင် ကာ���ုံက ထိန်းကွပ်မယ့်သဘောရှိတယ်လို့ ခန့်မှန်ရပါတယ် ၊ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ဟန်ပြပါပဲ ၊ သူကြိုးဆွဲရာပါမယ့် သူ့လက်ကိုင်တုတ် ပါတီတွေလောက်ပဲ ဟန်ပြထားပြီး ကျန်တာအကုန်ရှင်းထုတ်မှာ ၊ အခုကိုပဲ ဖွဲ့စည်းပုံပြင်ဖို့ပြောနေတဲ့ ကိုကိုကြီးတို့ လွှတ်တော်တံခါးနားတောင် ကပ်မရတော့ဘူး ၊ သက်သက်ခိုင် ၊ စန္ဒာမင်း ၊ ဒေါက်တာအေးမောင်တို့လည်း ကန်ထုတ်ပစ်လိုက်ပြီ ၊ တခါတလေ လိုအပ်တဲ့အခါ ���ုဖွဲ့ပြီး စာလေးဘာလေး လက်မှတ်ထိုးထုတ် ၊ အစည်းအဝေးလုပ်ပြပြီး နိုင်ငံတကာကို လှည့်စားလိုတဲ့အခါ အစည်းအဝေးသွားတက်ပေါ့ ၊ ဒါ့အပြင် မပိုပါဘူး ။ . သမ��ါယမ ဥပဒေတွေ ပြင်နေတာတွေ့တယ် ၊ မြို့နယ်အုပ်ချုပ်အုပ်ချုပ်ရေး ဥက္ကဌတွေအားလုံး စစ်ဗိုလ်တွေပဲထားမယ်တဲ့ ၊ ကြည့်တော့ကောင်းပြီ ၊ နောင် ဆန်ဝယ်ရင် ဆီဝယ်ရင် သမဝါယမစာအုပ်နဲ့ တန်းစီတိုးရတော့မယ့် မြောက်မြန်မာနိုင်ငံကြီးကို မြင်ကြရတော့မှာပါ ၊ တံခါးပိတ်စီးပွားရေးစံနစ် ပြန်သွားမယ့်သဘောရှိတယ် ၊ အခုကိုပဲ သွင်းကုန်လိုင်စင်တွေ ထိန်းချုပ်ထားတာ၊ နယ်စပ်လမ်းကြောင်းတွေ ပိတ်ဆို့ဖ��်းဆီးနေတာမို့ ကုန်တိုက်တွေမှာ ထိုင်းပစ္စည်းတွေဆို ပြတ်နေပြီ ၊ ဝင်းသူဇာတို့ ဦးပိုင်တို့ MEC တို့ ပြန်ခေတ်ကောင်းလာဦးမှာပေါ့ ၊ ပြည်တွင်းဖြစ်ကို အားပေးကြပါ၊ ငါတို့ကတော့ နိုင်ငံခြားဖြစ် သုံးမှရမယ်ဆိုတဲ့ ပုံစံတွေလေ ။ . ပစ တွေ တိုးခေါ် ရက်ရက်စက်စက်လုပ်လိမ့်မယ်၊ ဥပဒေတွေ ထပ်တင်းကြပ်လိမ့်မယ် ၊ အခုကိုပဲ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လုပ်သင့်ကြောင်း ၊ နိုင်ငံတကာမှာလည်းရှိကြောင်းတွေ မီဒီယာမှာ အသံလွှင့်နေတာ နေ့စဥ် ၊ တော်လှန််ပြည်သူတွေရော ဘောမတွေပါ ဇကောထဲ ဆီးဖြူသီးထည့်လှိမ့်သလို ဒုက္ခရောက်မယ့်သဘောတွေ တွေ့နေရပြီ ၊ ဒါကြောင့်မို့ စည်းလုံးကြ ၊ တော်လှန်ကြပါ ၊ မဆုတ်မနစ်နဲ့ ရုန်းကန်ကြပါ ၊ #WhatsHappeningInMyanmar
See More
Last Seen Users on Sotwe
bảo
Seen from
Vietnam
Black gay porn
Seen from
Thailand
Beefcake Bottoms
Seen from
United Kingdom
Lawryess 🇮🇹🔞
Seen from
Netherlands
Red & White
Seen from
Germany
Gautham
Seen from
India
fotopylsm12
Seen from
Turkey
genc_cift35İzmir
Seen from
Turkey
DesiMard 8️⃣0️⃣K
Seen from
India
فحل صنعاء
Seen from
Saudi Arabia
Trends for you
1
Juneteenth
Under 10K tweets
2
Fauci
Under 10K tweets
3
Australia
Under 10K tweets
4
Israel
Under 10K tweets
5
Iran
Under 10K tweets
6
Lebanon
Under 10K tweets
7
#USMNT
Under 10K tweets
8
#SmackDown
Under 10K tweets
9
Zach
Under 10K tweets
10
Turkey
Under 10K tweets
Most Popular Users
1
Elon Musk
@elonmusk
240.4M followers
2
Barack Obama
@barackobama
119.3M followers
3
Donald J. Trump
@realdonaldtrump
111.6M followers
4
Cristiano Ronaldo
@cristiano
109.9M followers
5
Narendra Modi
@narendramodi
106.9M followers
6
Rihanna
@rihanna
97.5M followers
7
NASA
@nasa
92.1M followers
8
Justin Bieber
@justinbieber
90.8M followers
9
KATY PERRY
@katyperry
87.3M followers
10
Taylor Swift
@taylorswift13
81.1M followers
11
Lady Gaga
@ladygaga
72.7M followers
12
Kim Kardashian
@kimkardashian
69.6M followers
13
Virat Kohli
@imvkohli
69.3M followers
14
YouTube
@youtube
68.6M followers
15
Bill Gates
@billgates
63.7M followers
16
The Ellen Show
@theellenshow
62.5M followers
17
Neymar Jr
@neymarjr
62M followers
18
CNN
@cnn
61.9M followers
19
X
@x
60.9M followers
20
Selena Gomez
@selenagomez
60.4M followers
Olivia
Online
✨
⭐
💫