YA INGIN BU FOTOSU NE 😭😭😭 Allahim bir insan nasil bu kadar tatli olabiliyor offfff 🤏. Ohm Pawat bu dunyada cenneti yasiyosun haberin olsun @ohmpawatt#ohming#ohmpawat#ingasavanund
Am starting to see how cute its going to be to have them together, all the cute edit we gonna make,the love dovey moments we gonna get 🥹,am getting emotional you'll, our beautiful milestone is looking good 🧡💙
#GMMTVStarlympics2026#ohmpawat#ingasavanund#ohming
Burmese :
[တရားဝင် ထုတ်ပြန်ကြေညာချက် - Fanbase စည်းမျဉ်းစည်းကမ်းများနှင့် စုပေါင်းလိုက်နာရန် အချက်များ]
ချစ်ခင်လေးစားရပါသော OHMING MYANMAR FANS များ ထံသို့ -
ကျွန်ုပ်တို့ Fanbase ၏ ပြုမူနေထိုင်ရေး စည်းမျဉ်းများနှင့် ပတ်သက်၍ အသိပေးချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း၊ သတ်မှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာမှု မရှိသေးသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ယခုကဲ့သို့ ထပ်မံအသိပေး စာထုတ်ပြန်ရခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့ Fanbase ၏ အဓိက ရည်ရွယ်ချက်မှာ အနုပညာရှင်နှင့် Fansများအားလုံးအတွက် လုံခြုံပြီး လေးစားမှုရှိသော အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးတည်ဆောက်ပေးရန် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Fans များအနေဖြင့် အောက်ပါ အခြေခံစည်းကမ်းချက်များကို အလေးအနက်ထား ထိန်းသိမ်းလိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် -
၁။ အခြား Platform မှ အကြောင်းအရာများ ရွှေ့ပြောင်းတင်ဆက်မှု တားမြစ်ခြင်း -
အခြားသော Social Media Platform များမှ ကိစ္စရပ်များ၊ ဆွေးနွေးချက်များနှင့် အကြောင်းအရာများကို X (ယခင် Twitter) ပေါ်သို့ ကူးယူဖော်ပြခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများ လုံးဝမပြုလုပ်ကြပါရန်။
၂။ Hashtag အသုံးပြုမှုဆိုင်ရာ တင်းကြပ်သည့် စည်းမျဉ်း -
အတည်မပြုရသေးသော သို့မဟုတ် ပြင်ပမှ ကိစ္စရပ်များနှင့် ပတ်သက်သည့် Post များတွင် မည်သည့် Hashtag ကိုမျှ ထည့်သွင်းအသုံးပြုခြင်း မပြုကြပါရန်။ အထူးသဖြင့် အနုပညာရှင်များ၏ နာမည်များ ၊ နှင့် Fanbase နှင့် သက်ဆိုင်သော မည်သည့် Hashtag ကိုမျှ မသုံးစွဲကြရန် တင်းကြပ်စွာ မေတ္တာရပ်ခံပါသည်။
ယခုထုတ်ပြန်ထားသော စည်းကမ်းချက်များသည် Fan များကို ကန့်သတ်ရန်မဟုတ်ဘဲ၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးရသော အနုပညာရှင်များ၏ ပုံရိပ်၊ ဂုဏ်သိက္ခာနှင့် စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဖြစ်ပါသည်။
စည်းစနစ်မရှိသော Post များနှင့် ဆင်ခြင်တုံတရားမဲ့သော Hashtag သုံးစွဲမှုများသည် အနုပညာရှင်များအား တိုက်ရိုက် ထိခိုက်စေနိုင်သည့် နားလည်မှုလွဲမှားခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် အသိုင်းအဝိုင်းတစ်ခုလုံး၏ စည်းလုံးညီညွတ်မှုကို ငဲ့ကွက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
ထောက်ခံချက်ဆိုင်ရာ အခြေခံမူများကို ဆက်လက် လျစ်လျူရှုပါက Fanbase ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် စည်းကမ်းဖောက်ဖျက်သည့် Account များကို တိုက်ရိုက် ထုတ်ဖော်အသိပေးခြင်း အပါအဝင် လိုအပ်သော စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဤကိစ္စအား အလေးအနက်ထား လိုက်နာပေးမှုနှင့် Fanbase ၏ ကောင်းမွန်သော စံချိန်စံညွှန်းကို အတူတကွ ထိန်းသိမ်းပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့် -
OHMING MYANMAR FANCLUB
[ @ohming_mmfc ]
English :
OFFICIAL STATEMENT REGARDING FANBASE GUIDELINES & COMMUNITY CONDUCT
Dear OHMING MYANMAR FANS ,
Following our recent notice regarding fanbase etiquette and proper communication protocols, we feel it is necessary to address ongoing concerns regarding non-compliance with these guidelines. Our primary objective has always been to foster a supportive, respectful, and safe environment for our artist and our community.
We strongly urge all members to strictly observe the following core policies:
Cross-Platform Content Restriction:
Issues, discussions, or content originating from other social media platforms must not be re-uploaded, discussed, or transferred onto X (formerly Twitter).
Strict Hashtag Policy:
Please refrain from using any hashtags in posts related to unverified or external matters. This strictly applies to artist names, and any general hashtags associated with the fandom.
The rules we establish are not meant to restrict our fans, but rather to safeguard the image, reputation, and well-being of the artists we support. Uncoordinated posting and careless hashtag usage can lead to unintended misinterpretations that directly affect our artists.
We kindly ask everyone to act with accountability and respect for the collective effort of this fanbase. Should these fundamental guidelines continue to be disregarded, administrative actions, including direct identification of non-complying accounts, will be taken to preserve community integrity.
We appreciate your immediate attention to this matter and your continued cooperation in maintaining a positive standard for our fandom.
Sincerely,
OHMING MYANMAR FANCLUB [ @ohming_mmfc ]
#OhmIngMyanmarFanclub
TO ALL OHMINGS PLEASE READ
Can we please stop bringing screenshot of hate from other apps and bringing them here if you see hate on your tiktok account just delete the comment and leave the positive ones if you actual want to protect ohm and ing the last thing you should do is+++