Human Rights Day: Over 30 killed, including patients, in Mrauk-U Hospital bombing
The Irrawaddy, December 11, 2025
On December 10, International Human Rights Day, at around 9pm, the military bombed Mrauk-U Hospital in Rakhine State, killing more than 30 people, including patients being treated. Many others were injured.
A local resident said, “A jet fighter came and dropped two 500-pound bombs. One fell in the patient ward. The other fell in front of the patient ward, in front of the infirmary. The death toll is estimated at 31. There are about 50-60 injured.”
The bombing damaged the main ward, operating room, orthopedic ward, operating theatre, as well as the staff quarters in the hospital compound and some residential buildings near the hospital.
Writer Wai Hin Aung said, “The total number of deaths is around 33. We have been able to count around 58 injured. Based on this list, we can expect the number of deaths and injuries to increase.”
Even on December 10, International Human Rights Day, which has been observed since 1948 to promote human dignity and the rights that every human being deserves, the people of Burma are facing human rights violations and violent killings by the military coup.
လူ့အခွင့်အရေးနေ့ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု လူနာများအပါ ၃၀ ကျော် သေဆုံး
ဧရာဝတီ၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၅
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီကျော်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆေးရုံ၌ ဆေးကုသနေသည့် လူနာများ အပါအဝင် သေဆုံးသူ ၃၀ ကျော်ရှိလာပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသခံတဦးက "ဂျက်ဖိုက်တာ တစီးနဲ့လာပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံး ချသွားပါတယ်။ လူနာဆောင်ထဲ တလုံးကျသွားတယ်။ နောက်တလုံးက လူနာဆောင်ရှေ့ ဆေးပေးခန်းဘက် တလုံးကျပါတယ်။ လူသေဆုံးမှုက ၃၁ ယောက်လို့ သိထားရတယ်။ ဒဏ်ရာရတာ ၅၀/၆၀ လောက်ရှိတယ်" ဟု ပြောသည်။
ဗုံးကြဲမှုဖြစ်စဉ်အတွင်း မြောက်ဦးဆေးရုံ ပင်မဆောင်၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ ခွဲစိပ်ခန်းမ အပါအတင် ဆေးရုံဝင်း အတွင်းရှိ ဝန်ထမ်းအိမ်ယာ၊ ဆေးရုံအနီး လူနေအိမ်အဆောက်အုံအချို့ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
စာရေးဆရာ ဝေဟင်အောင်က “စုစုပေါင်းသေဆုံးတဲ့သူက ၃၃ ယောက်လောက်ရှိပြီ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူက ၅၈ ယောက်လောက်တော့ ကျနော်တို့ စာရင်းကောက်လို့ရထားတယ်။ ဒီစာရင်းအတိုင်းဆိုရင် သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရ တိုးလာဦးမယ်လို့ သုံးသပ်ရတယ်" ဟု ပြောသည်။
လူ့ဂုဏ်သိက္ခာနှင့် လူသားတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးတို့ကို ဖော်ဆောင်နိုင်ကြရန် ၁၉၄၈ ခုနှစ်ကတည်းက သတ်မှတ်ကျင်းပခဲ့သော ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့၌ပင် မြန်မာပြည်သူများသည် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှ��များဖြင့် ရင်ဆိုင်နေရသည်။